• ဗမာစာ
  • 日本語

News / Topic

J Compass Magazine


ဂျပန်သို့ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ပညာတော်သင်သွားရန်ရည်မှန်းထားသူများသို့ ~ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ပညာတော်သင်နှင့် ပတ်သက်၍~

【ဂျပန်နိုင်ငံရဲ့ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း အခြေအနေနှင့် ပတ်သက်၍】

သက်ကြီးရွယ်အို တိုးပွားပြီး ကလေးမွေးဖွားနှုန်း ကျဆင်းလျှက်ရှိသော ဂျပန်နိုင်ငံတွင်၊ပြုစုစောင့်ရှောက်ရေးလုပ်ငန်း အလုပ်သာမကပဲ၊ဂျပန်တစ်နိုင်ငံလုံးရဲ့ လုပ်သားဦးရေ လျော့ကျလာသည်ကို ခန်းမှန်းရရှိပါသည်။အထူးသဖြင့် ယခုလက်ရှိတွင် သက်ကြီးရွယ်အိုဦးရေက ဆက်လက်တိုးပွားလာနေပြီး၊သူနာပြုစောင့်ရှောက်မှုကို လိုအပ်သော သက်ကြီးရွယ်အိုဦးရေမှာလည်း တိုးပွားလျှက်ရှိနေတာကြောင့်၊၀န်ထမ်း မလုံလောက်မှုများ ဖြစ်ပေါ်နေပါသည်။

အလုပ်သည်「စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းခက်ခဲသောအလုပ်」「ပင်ပန်းတဲ့အလုပ်ဖြစ်ပြီး လစာနိမ့်ခြင်း」စတဲ့ အတွေးအမြင်များရှိပြီး၊ဂျပန်လူငယ်များက အလုပ်ကို မရွေးချယ်တော့တာတွေ ဖြစ်လာပါတယ်။ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ဒီပြဿနာကိုဖြေရှင်းနိုင်ရန် ရဲ့လစာ၊လုပ်ငန်းခွင် အဆင့်မြှင့်ခြင်း၊စက်ပစ္စည်းကိရိယာများ စတင်အသုံးပြုသော ဘိုးဘွားစောင့်ရှောက်ဂေဟာများလည်း ပေါ်ထွက်လာပါပြီ။

ထို့အပြင် နောက်ထပ်ဖြေရှင်းမှု တစ်ခုအနေနဲ့ နိုင်ငံခြားသား၀န်ထမ်းများကိုပါ ခေါ်ယူခန့်ထားခြင်းများ ပြုလုပ်နေပါပြီ။ယခင်ကတည်းက နိုင်ငံ၏အထူးစနစ် တစ်ခုအနေနဲ့ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ဗီယက်နမ်တို့မှ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ၀န်ထမ်းများ ခေါ်ယူခန့်ထားခဲ့ပြီး၊ယခုမှာတော့ အခြားနိုင်ငံများဆီကပါ 「နေထိုင်ခွင့်ရ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း」「ကျွမ်းကျင်လုပ်သား ပြုစုစောင့်ရှောက်ရေးလုပ်ငန်း」「အထူးကျွမ်းကျင်လုပ်သား ပြုစုစောင့်ရှောက်ရေးလုပ်ငန်း」ဗီဇာတို့ဖြင့် ခေါ်ယူလျှက်ရှိပါတယ်။တကယ်တော့ မြန်မာနိုင်ငံမှ အနေနဲ့ သွားရောက်ရန် လက်ရှိ၎င်းဗီဇာအမျိုးအစား(၃)မျိုးရှိပါတယ်။နောက်ပိုင်း ထပ်ပြီး မြန်မာနိုင်ငံမှသာမကပဲ၊နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံခြားသား ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၀န်ထမ်းများကိုလည်း ခေါ်ယူခန့်ထားမှုတိုးမြင့်လာဖို့ ရှိနိုင်ပါတယ်။

နောက်ပြီး ဂျပန်နိုင်ငံက ကောလိပ်တွင် ပညာတော်သင်တက်ရောက်ပြီး၊「Kaigo fukushishi」လို့ခေါ်တဲ့ နိုင်ငံအသိအမှတ်ပြု လက်မှတ်ကို ရယူပြီးနောက်၊ပြုစုစောင့်ရှောက် အလုပ်ဗီဇာဖြင့် အလုပ်၀င်နိုင်ရန် ရည်ရွယ်သော  ပညာတော်သင် ပရိုဂရမ်များလည်း များပြားလာပြီဖြစ်ပါတယ်။

【 ဗီဇာ(၃)မျိုး၏ ကွားခြားချက်】

ယခုအခါမှာ မြန်မာကနေ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ဗီဇာ(၃)မျိုးဖြင့် သွားရောက်လုပ်ကိုင်နိုင်ပြီ ဖြစ်ရာ၊ဘာတွေများကွာခြားသလဲ?အဲ့ဒီ ကွာခြားချက်တွေကို အနည်းငယ် ရှင်းပြပါမယ်။

➀နေထိုင်ခွင့်ရပြုစုစောင့်ရှောက်ရေးလုပ်ငန်း ဗီဇာ

ဥပမာအားဖြင့် marketing ၊ စကားပြန် ကုမ္ပဏီ၀န်ထမ်း၊နိုင်ငံခြားသား အင်ဂျင်နီယာနည်းပညာရှင် ကဲ့သို့သော၊တရား၀င်အလုပ်ဗီဇာဖြင့် လုပ်ကိုင်နိုင်သော ဗီဇာအမျိုးအစားထဲမှ တစ်ခုအနေနဲ့ 「ပြုစုစောင့်ရှောက်ရေးလုပ်ငန်း」ဆိုပြီး ရှိလာပါတယ်။အရင်က ဒီ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို နိုင်ငံခြားသားတွေကို လုပ်ကိုင်ခွင့်မပြုခဲ့ပေမဲ့၊၂၀၁၇ခုနှစ်၊စက်တင်ဘာလ မှစ၍ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၀န်ထမ်း မလုံလောက်မှုကို လျှော့ချနိုင်ရန်၊ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ဗီဇာကို ထပ်တိုးခဲ့ခြင်းဖြစ်ပါတယ်။ ထိုဗီဇာကို ရရှိနိုင်ဖို့အတွက် ဂျပန်ရဲ့ နိုင်ငံစစ်စာမေးပွဲဖြစ်တဲ့「ပြုစုစောင့်ရှောက်ရေးလုပ်ငန်းစာမေးပွဲ」ကိုအောင်မြင်အောင် ဖြေဆိုရမှာဖြစ်ပြီး၊အဆင့်မြင့် ဂျပန်စာအရည်အချင်းနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာ အထူးပြု အသိပညာများလည်း လိုအပ်ပါတယ်။အဲဒါကြောင့် ကောလိပ်တွင် ပြုစုစောင့်ရှောက် ပညာရပ်ဆိုင်ရာ အထူးပြုဘာသာရပ်တွေကို သင်ယူပြီး၊စာမေးပွဲအောင်မြင်ရန် ရည်မှန်းထားရပါမယ်။ ဒီဗီဇာကိုရရှိဖို့အတွက် မလွယ်ကူဘူးဆိုပေမဲ့လည်း၊ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ပညာရပ်ဆိုင်ရာ အထူးအသိပညာတွေကို လေ့လာဆည်းပူးကာ  ကျွမ်းကျင်ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်နိုင်မှာဖြစ်ပြီး၊နေထိုင်ခွင့်ဗီဇာသက်တမ်းမှာလည်း အကန့်အသတ်မရှိဖြစ်ပါတယ်။နောက်ပြီး အခြားသော တရား၀င်အလုပ်ဗီဇာများနှင့် တန်းတူဖြစ်တာကြောင့်၊မိမိရဲ့ မိသားစုကိုလည်း ဂျပန်သို့ ခေါ်လို့ရတဲ့ အခွင့်အရေးလည်း ရှိပါတယ်။ ထို့အပြင် ပြုစုစောင့်ရှောက်ရေးလုပ်ငန်း လက်မှတ်ကိုကိုင်ဆောင်ထားသူဖြစ်ပါက အရည်အချင်းပြည့်မီမှု ထောက်ပံ့ကြေးကို လစဉ်ရနိုင်သည့်အတွက်ကြောင့် လစာသည်လည်းပဲ တိုးလာမည်ဖြစ်သည်။

ဒါကြောင့် ဂျပန်နိုင်ငံမှာ လုပ်ငန်းဖြင့် ရေရှည်လုပ်ကိုင်ဖို့ဖြစ်စေ၊ကျွမ်းကျင်ပညာရှင်အဖြစ် ဆက်လက်ရပ်တည်ဖို့ဖြစ်စေ ရည်မှန်းထားသူများကတော့ ဒီဗီဇာဖြင့် သွားသင့်ပါတယ်။

②ကျွမ်းကျင်လုပ်သားဗီဇာ「ပြုစုစောင့်ရှောက်ရေးလုပ်ငန်း」

ဗီဇာအမျိုးအစား(၁)ပြီးတော့၊၂၀၁၇ခုနှစ် နို၀င်ဘာလမှစ၍ ကျွမ်းကျင်လုပ်သားဗီဇာ「ပြုစုစောင့်ရှောက်ရေးလုပ်ငန်း」ကို စတင်ခဲ့ပါတယ်။ဒီဗီဇာက ကျွမ်းကျင်လုပ်သားဗီဇာ ဖြစ်တဲ့အတွက်၊အခြားသော ကျွမ်းကျင်လုပ်သားဗီဇာများနည်းတူ နေထိုင်လုပ်ကိုင်ခွင့် သက်တမ်းက ၃နှစ် မှ ၅နှစ်အထိပဲ ဖြစ်ပါတယ်။ဂျပန်စာအရည်အချင်းကတော့ N4နှင့်အထက်ရှိဖို့ လိုအပ်ပါတယ်။ကျွမ်းကျင်လုပ်သားဗီဇာ ဖြစ်တဲ့အတွက် အထူးပညာရပ်အပိုင်းတွေနဲ့ လုပ်ကိုင်ရမှာ မဟုတ်ပဲ အလုပ်တာ၀န်ပိုင်း အနည်းငယ်ကျဉ်းမြောင်းပါမယ်။ပုံမှန်အားဖြင့်တော့ နေထိုင်ခွင့်ရ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ဗီဇာ၊အထူးကျွမ်းကျင်လုပ်သား ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ဗီဇာတွေထက် လစာနိမ့်တယ်ဆိုပေမဲ့လည်း၊ဒီဗီဇာနဲ့သွားဖို့ရာ အဆင့်မြင့်ဂျပန်စာအရည်အချင်း မလိုအပ်တာဖြစ်တဲ့အတွက် အခက်အခဲတော့ နဲပါလိမ့်မယ်။နောက်ပြီး အထူးကျွမ်းကျင်လုပ်သားဗီဇာလည်း ရှိလာပြီဖြစ်တဲ့အတွက် ကျွမ်းကျင်လုပ်သားဗီဇာဖြင့် ၃နှစ်ပြည့်အောင် လုပ်ကိုင်ပြီးနောက်မှ၊အထူးကျွမ်းကျင်လုပ်သားဗီဇာကို ပြောင်း၍လုပ်ကိုင်လို့ ရနိုင်တဲ့အခွင့်အရေးတွေလည်း ရှိနေပါတယ်။

③အထူးကျွမ်းကျင်လုပ်သားဗီဇာ「ပြုစုစောင့်ရှောက်ရေးလုပ်ငန်း」

၂၀၂၀ခုနှစ် ဧပြီလမှစ၍ အထူးကျွမ်းကျင်လုပ်သားဗီဇာ「ပြုစုစောင့်ရှောက်ရေးလုပ်ငန်း」ကို စတင်လိုက်ပါတယ်။ဒီဗီဇာက ဗီဇာအမျိုးအစား(၁)၊(၂) တို့ရဲ့ ကြားကျတဲ့ ဗီဇာမျိုးဖြစ်ပါတယ်။ဂျပန်စာအရည်အချင်း N4Level (သို့) JFT Basic A2Level) အောင် + ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ဂျပန်စာ စာမေးပွဲကို အောင်ဖို့လိုအပ်ပါတယ်။နောက်ပြီး အထူးကျွမ်းကျင်လုပ်သားဗီဇာရဲ့ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း စာမေးပွဲကို အောင်ထားဖို့လိုပါတယ်။နေထိုင်လုပ်ကိုင်ခွင့် ကာလကတော့ ၅နှစ်ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဒီဗီဇာ(၃)မျိုးရဲ့ ကွာခြားချက်ကို ပြောရမယ်ဆိုရင်၊ဒီအလုပ်ကို ဘယ်အတိုင်းအတာထိ လုပ်ကိုင်ချင်လဲ(မိသားစုကိုပါ ခေါ်ချင်တာမျိူးလား)၊ပြုစုစောင့်ရှောက်ရတဲ့ပညာရပ်ကို ဘယ်အတိုင်းအတာထိ နားလည်တတ်မြောက်ချင်လဲ ဆိုတာတွေပေါ်မှာ မူတည်ပြီး၊ကွာခြားသွားမှာဖြစ်ပါတယ်။

【ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ပညာတော်သင်ပရိုဂရမ်】

အခုနောက်ပိုင်းမှာ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ပညာတော်သင်ပရိုဂရမ်တွေ အကြောင်းကို တော်တော်များများလည်း သိမြင်လာကြပြီလို့ ထင်ပါတယ်။အခုလက်ရှိမှာ ကျွမ်းကျင်လုပ်သား၊အထူးကျွမ်းကျင်လုပ်သားဗီဇာတို့အပြင်၊ဗီဇာအမျိုးအစား(၁)ဖြစ်တဲ့ နေထိုင်ခွင့်ရ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ဗီဇာကို ရည်မှန်းနိုင်မဲ့ ပရိုဂရမ်အဖြစ်၊ဂျပန်စာကျောင်းတွင် ပညာတော်သင်(၆လ ~)+ကောလိပ်တွင်(၂နှစ်)ဆက်တက်၍၊「ပြုစုစောင့်ရှောက်ရေးလုပ်ငန်း စာမေးပွဲ」ကို ဖြေဆိုအောင်မြင်ပြီး 「ပြုစုစောင့်ရှောက်ရေးလုပ်ငန်း လက်မှတ်」ရယူနိုင်မဲ့ ပရိုဂရမ်ကို၊ဒေသအသီးသီးမှာ ပြုလုပ်လာနေပြီ ဖြစ်ပါတယ်။ဒီပရိုဂရမ် တော်တော်များများဟာဆိုရင် ဒေသခံအစိုးရအဖွဲ့အစည်းများမှ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း ၀န်ထမ်းများအတွက် ပညာသင်ဆုစနစ်အဖြစ် ပြုလုပ်ကျင့်သုံးနေတာပဲဖြစ်ပါတယ်။

ဒီစနစ်ဟာဆိုရင် ကောလိပ် ပြီးဆုံးပြီးနောက်မှာ အလုပ်၀င်ရန်စီမံထားတဲ့ ဘိုးဘွားစောင့်ရှောက်ဂေဟာမှ အာမခံသူအဖြစ်တာ၀န်ယူမှာဖြစ်ပြီး၊ကျောင်းပြီးနောက် (၅)နှစ်တာကို အဲ့ဒီဘိုးဘွားစောင့်ရှောက်ဂေဟာမှာ အလုပ်လုပ်ရန် စာချုပ်ချုပ်ဆိုရပါမယ်။အဲ့ဒီအတွက် အကျိုးခံစားခွင့်အနေနဲ့ ဂျပန်စာကျောင်းနှင့်ကောလိပ်ကျောင်းတို့ရဲ့ ကျောင်းလခကင်းလွတ်ခွင့်ရရှိမဲ့ ပရိုဂရမ်ဖြစ်ပါတယ်။

အခြားသော ပညာသင်ဆုစနစ်တွေလည်း တပြိုင်တည်းအသုံးပြုပြီး၊အဆောင်လခကိုလည်း ဘိုးဘွားစောင့်ရှောက်ဂေဟာမှ တာ၀န်ယူပေးတဲ့ ကျောင်းသားအတွက် အလွန်အဆင်ပြေတဲ့ ပရိုဂရမ်တွေလည်းရှိသလို၊အလုပ်ခန့်ထားပေးမည့် ဘိုးဘွားစောင့်ရှောက်ဂေဟာမှ တိုက်ရိုက်ခေါ်ယူတဲ့ ပုံစံမျိုးလည်း ရှိပါတယ်။

နောက်ပြီး အခြေခံအားဖြင့် ဂျပန်စာအရည်အချင်း ပိုမိုတိုးတက်လာစေရန်၊ဂျပန်စာကျောင်းမှာ ပညာတော်သင် (၆လ မှ ၂နှစ်)တက်ရောက်ပြီးနောက် ကောလိပ်ကျောင်း ဆက်တက်ရတာများပေမဲ့၊N2နှင့်အထက် ရှိမယ်ဆိုရင်၊ကောလိပ်ကို တိုက်ရိုက်တန်းတက်လို့ ရတာမျိုးလည်းရှိပါတယ်။

ဂျပန်စာကျောင်းနဲ့ ကောလိပ်တက်ရတဲ့ အတောအတွင်းမှာလည်း တစ်ပတ်ကို (၂၈)နာရီနှုန်းနဲ့ အချိန်ပိုင်းအလုပ်လုပ်လို့ရပြီး၊ကိုယ့်ကိုခေါ်ယူတဲ့ ဘိုးဘွားစောင့်ရှောက်ဂေဟာမှာပဲ အချိန်ပိုင်း၀င်လုပ်ကြရတာ များပါတယ်။

【သတိပြုစေချင်တဲ့ အချက်တွေ】

➀ ပညာတော်သင်၊ ကျွမ်းကျင်လုပ်သားဗီဇာ နဲ့ အထူးကျွမ်းကျင်လုပ်သားဗီဇာ၊ဘယ်အမျိုးအစားက ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီမှုရှိမလဲ စဉ်းစားရမယ် ဂျပန်ရောက်ပြီး ချက်ချင်းအလုပ်လုပ်၊ပိုက်ဆံရှာဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ကျွမ်းကျင်လုပ်သားဗီဇာ(သို့)အထူးကျွမ်းကျင်လုပ်သားဗီဇာတို့နဲ့သွားတာ သင့်တော်ပါတယ်။ဘာကြောင့်လဲဆိုရင်  ပညာတော်သင်နဲ့သွားတဲ့အခါမှာက တစ်ပတ်ကို(၂၈)နာရီသာ အလုပ်လုပ်ခွင့် သတ်မှတ်ထားပြီး၊ကောလိပ်တက်ရင်း အလုပ်လုပ်ရင်လည်း အရမ်းပင်ပန်းမှာဖြစ်တဲ့အတွက်၊အလုပ်ကို အချိန်အများကြီး လုပ်လို့ရမှာမဟုတ်ပါဘူး။ ပညာတော်သင်နဲ့သွားမယ်ဆိုရင် အရင်ဆုံးက ပြုစုစောင့်ရှောက်ရေးလုပ်ငန်းပညာရပ်ကို တစိုက်မတ်မတ်သင်ယူဖို့နဲ့ ၊ခက်ခဲတဲ့ စာမေးပွဲကို အောင်မြင်ဖို့အတွက် အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။

② ပြုစုစောင့်ရှောက်ရတဲ့ အလုပ်ကို သေချာသဘောပေါက် နားလည်ထားရမယ်

အလုပ်ဆိုတာ လူရော၊စိတ်ရော အရမ်းပင်ပန်းတဲ့အလုပ်လို့ ပြောကြပါတယ်။လူတွေနဲ့ဆက်နွယ်ပြီးလုပ်ရတာက အဓိကအလုပ်ဖြစ်တာကြောင့်၊လူမှုဆက်ဆံရေးမှာ အဆင်မပြေ ဖြစ်လာတာမျိုးတွေ၊မွန်းကြပ်တယ်လို့ ခံစားလာရတဲ့ အခါမျိုးတွေလည်း ရှိလာနိုင်ပါတယ်။တဖက်ကပြန်တွေးရင်တော့ ပြုစုစောင့်ရှောက်ရတဲ့အလုပ်ဟာ လူ့အဖွဲ့အစည်းအတွက် အလွန်အကျိုးပြုသော အလုပ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့် ဂျပန်ကိုမသွားခင်တည်းက အလုပ်နဲ့ ပတ်သက်ပြီး ဘယ်လိုအလုပ်မျိုးလဲဆိုတာကို မိမိဘာသာ ရှာဖွေလေ့လာကြည့်ပြီး၊မိမိနဲ့အမှန်တကယ် ကိုက်ညီမဲ့အလုပ် ဖြစ်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ဖို့လည်းလိုပါတယ်။

နောက်ပြီး ပညာတော်သင်အနေနဲ့မှာလည်း အခြေအနေ အမျိုးမျိုးရှိပြီး၊အမှန်တကယ် Full Scholarshipပုံစံနဲ့ ဆွဲဆောင်မှုရှိတဲ့စနစ်တစ်ခုလိုတော့ မြင်ရပေမဲ့၊ပညာတော်သင်စရိတ်ကိုပဲ အဓိကထားပြီး သွားမယ်ဆိုရင်တော့ သေချာပေါက် နောင်တရစရာ ဖြစ်လာပါလိမ့်မယ်။ဒါကြောင့် ပညာတော်သင်နဲ့သွားဖို့ ရည်ရွယ်ထားသူတွေ အနေနဲ့ အသိအမှတ်ပြုလက်မှတ်ရ ဖြစ်ဖို့က နံပါတ်(၁)ရည်ရွယ်ချက်ဆိုတာကို သဘောပေါက် နားလည်ထားရပါမယ်။  

③ပညာတော်သင် ပရိုဂရမ်တွေမှာလည်း ကောင်းတဲ့ပရိုဂရမ်ရှိသလို မကောင်းတဲ့ပရိုဂရမ်လည်းရှိမယ်

အခုလက်ရှိ  ပညာတော်သင် ပရိုဂရမ်သတင်းတွေကို Facebookစာမျက်နှာတွေမှာလည်း ကြေငြာနေကြပြီဖြစ်ပြီး၊ဘယ်လိုစနစ်မျိုး၊ဘယ်လို အကြောင်းအခြေအနေမျိုးဆိုတာကို သေချာနားထောင်ပြီး၊သိရှိထားဖို့ လိုပါတယ်။တချို့က ပညာတော်သင် ထောက်ပံ့တယ်လို့ ဆိုပေမဲ့၊ကျောင်းလခတွေကို ကျောင်းသားက နောက်မှပြန်ဆပ်ရတဲ့ မကောင်းတဲ့ စနစ်တွေ ရှိနေတတ်ပြီး၊မြန်မာဘက်က အေးဂျင့်တွေက ၀န်ဆောင်ခအများကြီး ပေးဆောင်ခိုင်းတာမျိုးတွေလည်း ရှိပါတယ်။အဲ့အတွက်ကြောင့် အေးဂျင့်တွေကို အလွယ်တကူ အလုံးစုံ ပုံမအပ်ပဲ၊မိမိဘာသာ သတင်းအချက်အလက်တွေကို ဆန်းစစ်ပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။အကယ်၍ နားမလည်တဲ့၊စိတ်မချရတဲ့ အခြေအနေမျိုး ကြုံလာခဲ့ရင်၊J Compassကို လာရောက်ဆွေးနွေးနိုင်ပါတယ်။

အဲဒီအပြင်  ပညာတော်သင်နဲ့ ပတ်သက်ပြီး မေးမြန်းချင်တာ၊ဆွေးနွေးချင်တာ ရှိရင်လည်း J Compassကို ဆက်သွယ်လိုက်ပါနော်!