• ဗမာစာ
  • 日本語

ဂျပန်ရှိအထက်တန်းကျောင်းသို့ ပညာတော်သင် သွားရောက်ခြင်း

ဂျပန်ရှိအထက်တန်းကျောင်းသို့ ပညာတော်သင် သွားရောက်ခြင်း

ဂျပန်ရဲ့ ပညာရေးစနစ်သည် မူလတန်း ၆နှစ်၊ အလယ်တန်း ၃နှစ်၊ အထက်တန်း ၃နှစ် စုစုပေါင်း ၁၂နှစ်ဖြစ်သည်။ ထို့ကြောင့် ဂျပန်၏အထက်တန်းကျောင်းသို့ ပညာတော်သင်သွားမည်ဆိုပါက ဤသတ်မှတ်ချက်များ လိုအပ်သည်။

【လျှောက်ထားသည့်အခါ လိုအပ်သော သတ်မှတ်ချက်များ】

● ပညာသင်ရေးနောက်ခံ လိုအပ်ချက်

・ မြန်မာတွင် ၉နှစ်ကြာ ပညာ သင်ယူထားခဲ့ရမည်။

⇨ အစိုးရကျောင်း အတွက် Grade 0 မှ Grade 8အထိ ပြီးမြောက်ရမည်။

⇨ ပုဂ္ဂလိကကျောင်း အတွက် ၉နှစ်ပညာရေးကို ပြီးမြောက်ရမည်။

● အသက်အရွယ် လိုအပ်ချက်

・အသက် ၁၅နှစ်နှင့်အထက် ⇨ ကျောင်းအပ်သည့်အခါ အသက် ၁၅နှစ် ပြည့်ပြီးဖြစ်ပါက အဆင်ပြေပါသည်။

● ဘာသာစကား လိုအပ်ချက်

・လိုအပ်သည့် ဂျပန်စာစွမ်းရည်မှာ အထက်တန်းကျောင်းပေါ်မူတည်ပြီး ကွဲပြားသည့်အတွက် လျှောက်ထားသည့်အခါ ဂျပန်စာစွမ်းရည် ကို မတောင်းဆိုသည့် အထက်တန်းကျောင်းလည်း ရှိသလို, N5~N4 level ရှိသော ဂျပန်စာစွမ်းရည်ကို တောင်းဆိုသည့် အထက်တန်းကျောင်းများလည်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ ဂျပန်သို့ သွားရောက်ပြီးနောက် နေထိုင်မှုဘဝ ၊ ဂျပန်လူမျိုးကျောင်းသားများနှင့် ပေါင်းသင်းဆက်ဆံရေး စသည်တို့ကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ပညာတော်သင်မသွားရောက်မှီမှာ N5~N4 အဆင့်ကို သင်ယူထားဖို့အတွက် အကြံပြုတိုက်တွန်းလိုပါသည်။

・အင်္ဂလိပ်စာစွမ်းရည်သည် လည်းပဲ အထက်တန်းကျောင်း အပေါ် မူတည်ပြီး ကွဲပြားရာ လျှောက်ထားချိန်တွင် အင်္ဂလိပ်စာ စွမ်းရည်ကို တောင်းဆိုသည့် အထက်တန်းကျောင်းလည်းရှိသလို မတောင်းဆိုသည့် အထက်တန်းကျောင်းလည်း ရှိပါသည်။ သို့ပေမဲ့ အထက်တန်းကျောင်းအများစု၏ ကျောင်းဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်စာ ဘာသာရပ်ကို မဖြစ်မနေ ဖြေဆိုရန်လိုအပ်သောကြောင့် အင်္ဂလိပ်စာကိုလည်း လေ့လာသင်ယူထားဖို့ တိုက်တွန်း အကြံပြုလိုပါသည်။

● လျှောက်လွှာတင်ရန် အခြားလိုအပ်သောအရာများ

・အထက်တန်းကျောင်းများစွာ၏ ကျောင်းဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်စာနှင့် သင်္ချာတို့ကို ဖြေဆိုရန်လိုအပ်သောကြောင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာတို့ကို အထူးလေ့လာထားရန် အကြံပြုလိုပါသည်။ သင်္ချာမေးခွန်းများသည် အလယ်တန်းကျောင်းပြီးမြောက်ပြီးအဆင့်၏ အကြောင်းအရာပေါ်အခြေခံထားသည်။

【အထက်တန်းကျောင်း၏ Semester နှင့်ပတ်သက်၍】

ဂျပန်ရဲ့ အထက်တန်းကျောင်းများသည် ဧပြီလ‌တွင် ကျောင်းဝင်ခွင့်လက်ခံသော ကျောင်းများလည်းရှိသလို အောက်တိုဘာလ နှင့် နိုဝင်ဘာလတို့တွင် ကျောင်းဝင်ခွင့်လက်ခံသော ကျောင်းများလည်းရှိပေမဲ့ ယေဘုယျအားဖြင့် ဧပြီလတွင် ကျောင်းဝင်ခွင့်လက်ခံသော အထက်တန်းကျောင်းများက ပို၍များသည်။ ထို့အပြင် သာမာန်အားဖြင့် ကျောင်းပိတ်ရက်ရှည်များသည် ဂျူလိုင်လကုန် မှ ဩဂုတ်လကုန် အထိ နွေရာသီအားလပ်ရက်ဖြစ်ပြီး ဒီဇင်လာလကုန် မှ ဇန်နဝါရီလကုန် အထိ ဆောင်းရာသီပိတ်ရက်ဖြစ်သည်။

【အထက်တန်းကျောင်း ပညာတော်သင်သွားခြင်း၏ အကျိူးကျေးဇူးများ】

➀ဂျပန်လူမျိူး ကျောင်းသားများနှင့်အတူ ဂျပန်နိုင်ငံ၏ သင်ရိုးညွှန်းတန်းအတိုင်း သင်ယူလေ့လာရင်းဖြင့် ဂျပန်ဘာသာစကားကို လေ့လာ+အဆင့်မြင့် ပညာရေးကိုပါဆက်လက် သင်ယူနိုင်သည်။

⇨ပညာတော်သင်ကျောင်းသားသည် ဂျပန်၏ တက္ကသိုလ်များသို့ တက်ရောက်မည့်အခါတွင် EJU ဆိုသည့် စာမေးပွဲ နှင့် တက္ကသိုလ်မှ စာမေးပွဲတို့ကို ဖြေဆိုရလေ့ရှိသော်ငြားလည်း မြန်မာမှ ပညာတော်သင် ကျောင်းသားများ အတွက် ခက်ခဲလျက်ရှိသည်မှာ ထို EJUစာမေးပွဲနှင့် အဆင့်မြင့်ပညာ ဆက်လက်သင်ယူရန် ပြင်ဆင်မှုများ ဖြစ်သည်။ EJU အတွက် စာလေ့လာခြင်းနှင့် အဆင့်မြင့်ပညာ‌ ဆက်လက်လေ့လာရန် အချိန်ပေးရမည်ဖြစ်ပြီး ဂျပန်၏ တက္ကသိုလ်များတွင် ဂျပန်စာဖြင့် အတန်းတက်ရောက်လိုပါက ဂျပန်စာစွမ်းရည် မှာ အနည်းဆုံး N2 level နှင့်အထက်ရှိရန် လိုအပ်သည်။ ဂျပန်၏ အထက်တန်းကျောင်းများတွင် ပညာတော်သင်သွားရောက်မည်ဆိုပါက ဂျပန်ဘာသာစကားကို အချိန်သေချာပေး၍ လေ့လာပြီး  ပညာဆက်လက်သင်ကြားရန် ပြင်ဆင်မှုများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် ဂျပန်၏ အမျိုးသား တက္ကသိုလ် (သို့မဟုတ်) နာမည်ကြီး ပုဂ္ဂလိက တက္ကသိုလ်များကို တက်ရောက်ရန် ရည်ရွယ်ထားသည့် ကျောင်းသားများအတွက် အကြံပြုခြင်းဖြစ်သည်။

②အထက်တန်းကျောင်းများမှတဆင့် ဆက်လက်၍ အဆင့်မြင့်ပညာများကို သင်ယူသည့်အခါ ဂျပန်လူမျိုးကျောင်းသားများနှင့် တူညီသောကျောင်းသားဘဝကို တွေ့ကြုံခံစားနိုင်မည်၊ ဂျပန်နှင့်ပတ်သက်၍လည်း ပိုမို၍ ထဲထဲဝင်ဝင် နားလည်လာနိုင်မည်။

⇨ဂျပန်တွင် Club activity များကဲ့သို့သော အတန်းပြင်ပတွင် သင်ယူနိုင်မည့် အခွင့်အရေးများလည်း များစွာရှိသည်။ အထူးသဖြင့် ပညာတော်သင်ကျောင်းသားဖြစ်ပါက သက်တူရွယ်တူ သူငယ်ချင်းများနှင့် မိတ်ဖွဲ့ခြင်းဖြင့် ဂျပန်လူမျိူးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများအကြောင်း လေ့လာရန် အခွင့်အရေးများစွာ ရှိပါသည်။

【မှတ်ချက်】

ဂျပန်၏အထက်တန်းကျောင်းများတွင် သွားရောက်ပညာသင်ကြားသောအခါ ဂျပန်ဘာသာစကားကျောင်း နှင့် တက္ကသိုလ်တို့ပညာတော်သင်သွားကြသည့် ကျောင်းသားများနှင့် မတူပဲ အချိန်ပိုင်းအလုပ်များကို တားမြစ်ထားသည်။ ထို့ကြောင့် အချိန်ပိုင်းအလုပ်ဖြင့် နေထိုင်စားသောက် စရိတ်ကို ကာမိအောင် မပြုလုပ်နိုင်သည့် အတွက် ပညာတော်သင်သွားရန် မဆုံးဖြတ်မှီကတည်းက တိုင်ပင်ဆွေးနွေးထားလျင် ပို၍ ကောင်းပါသည်။  

ထို့အပြင် ပညာတော်သင်ကျောင်းသားများသည် အခြေခံအားဖြင့် အဆောင်တွင် နေထိုင်ရမည်ဖြစ်သောကြောင့် အဆောင်မှ စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ အချို့သော အထက်တန်းကျောင်းများသည် စည်းကမ်းတင်းကြပ်မှုများရှိသော်လည်း ၎င်းမှာ စာလေ့လာမှု အာရုံစိုက်နိုင်ရန် အထောက်အကူဖြစ်စေသော စည်းမျဉ်းများဖြစ်သောကြောင့် ဂျပန်တွင် ပညာတော်သင်သွားရောက်မည်ဆိုပါက ကျောင်းစည်းကမ်းများကို သေချာလိုက်နာဖို့လိုအပ်ပါသည်။

【J Compass နှင့်ချိတ်ဆက်ထားသော အထက်တန်းကျောင်းများ 】

J Compassနှင့် လက်ရှိချိတ်ဆက်ထားသော အထက်တန်းကျောင်းမှာ အောက်ပါကျောင်း ၂ကျောင်း ဖြစ်သည်။

အသေးစိတ်အချက်အလက်အတွက် ကျောင်းမိတ်ဆက် Pageကို လေ့လာပါ။