• ဗမာစာ
  • 日本語

ဂျပန်နိုင်ငံ၏ နေထိုင်စားသောက်မှုစရိတ်

ဂျပန်၏ကုန်ဈေးနုန်းများ

ဂျပန်နိုင်ငံတွင် မြို့ပြများထက်နယ်ဒေသများတွင် ကုန်ဈေးနုန်းအနည်းငယ်ပိုမိုသက်သာပါသည်။ တစ်နိုင်ငံလုံးအတိုင်းတာဖြင့်ပျမ်းမျှကုန်ဈေးနုန်းမှာ အောက်ပါအတိုင်းဖြစ်သည်။

အဆောင်လခ၊အိမ်လခများ

ဂျပန်တွင် နိုင်ငံခြားပညာသင်ကျောင်းသားများအတွက်အဆောင်လခများ မှာပုဂ္ဂလိကကျောင်းဆောင်များထက်၊ နိုင်ငံပိုင်အများပိုင်ကျောင်းဆောင်များက ပို၍ဈေးသက်သာပါသည်။
အဆောင်မဟုတ်ဘဲအပြင်တွင်အိမ်ငှားနေပါက မြို့တွင်း(သို့)ဘူတာနှင့်နီးလျှင်နီးသလိုဈေးကြီးပါသည်။
ထို့အပြင် ကိုယ်တိုင်အိမ်ရှာရန်မှာလည်းခက်ခဲသောကြောင့် နိုင်ငံခြားပညာသင်ကျောင်းသားကူညီရေးစင်တာတွင် ဆွေးနွေးအကူညီတောင်းခံသင့်ပါသည်။

နိုင်ငံခြားပညာသင်ကျောင်းသားများနေထိုင်စရိတ်ပျမ်းမျှ

အိမ်လခရေ၊မီး၊ဂတ်စ်ခ
ဈေးအသက်သာဆုံးနယ်မြေများရှိအိမ်လခပျမ်းမျှ21000 ယန်း7000 ယန်း
TOKYOပျမ်းမျှအိမ်လခ38000 ယန်း6000 ယန်း
တနိုင်ငံလုံးပျမ်းမျှအိမ်လခ31000 ယန်း7000 ယန်း

* Data: Japan Student Services Organization

တက္ကသိုလ်ပညာတော်သင်ကျောင်းသားများအဆောင်ခမှာ ယန်း10000 မှ 30000တွင်းရှိပြီး အပြင်တွင်ပုံမှန်တိုက်ခန်းငှားနေလျှင်ယန်း 30000 မှ 40000 အတွင်းကုန်ကျနိုင်ပါသည်။ ယခုလက်ရှိကျောင်းသားများမှာ ကျောင်းဝင်စတွင်ကျောင်းဆောင်တွင်နေ၍ နေသားကျလာမှအပြင်တွင် SHARE တိုက်ခန်းများငှားနေသည်ကများပါသည်။

နိုင်ငံခြားပညာသင်ကျောင်းသားများအတွက်တစ်လစာစားစရိတ်

ပညာတော်သင်ကျောင်းသားအများစုမှာကိုယ်တိုင်ချက်ပြုတ်စားကြပြီးတစ်လတာပျမ်းမျှစားစရိတ်မှာ

TOKYO ပျမ်းမျှ = 27000 ယန်း
တစ်နိုင်ငံလုံးပျမ်းမျှ = 25000 ယန်း

* Data: Japan Student Services Organization

အပြင်တွင်ဝယ်စားလျှင်ယန်း 500 ခန့်ဖြင့်တစ်နပ်စားနိုင်သောနေရာအများပြားရှိပါသည်။
မြန်မာကျောင်းသားအများစုကြိုက်ကြသောလမန်ခေါက်ဆွဲမှာတပွဲယန်း 600 မှ 1000 ခန့်ဖြစ်သည်။
ဆူရှိမှာတစ်လိပ်ယန်း 100 လောက်ဖြင့်ရသောဆူရှီဆိုင်များလည်းရှိသည်။

နိုင်ငံခြားပညာတော်သင်ကျောင်းသားအာမခံကိစ္စများ

ဂျပန်တွင်နိုင်ငံခြားပညာသင်ကျောင်းသားများသည်နိုင်ငံသားကျန်းမာရေးအာမခံထည့်ဝင်ထားရန်လိုအပ်သည်။ ၎င်းအာမခံထည့်ဝင်ထားပါကဒဏ်ရာရ၊ နေမကောင်းဖြစ်၍ဆေးခန်းသွားလျှင်ကုသစရိတ်ဧ။် ၇၀%ကိုအာမခံမှကုန်ကျခံပေးသည်။
နိုင်ငံသားကျန်းမာရေးအာမခံလစဉ်ကြေးမှာနယ်မြေအလိုက်ယန်း 1000 မှ 2000 အတွင်းပေးသွင်းရသည်။
အာမခံထည့်ဝင်ပုံနည်းလမ်းမှာဂျပန်ရောက်ပြီးနီးစပ်ရာမြို့နယ်ရုံးတွင်လျှောက်လွှာတင်ရမည်။ လျှောက်လွှာတင်လျှင်နိုင်ငံခြားပညာသင်ကျောင်းသားမှတ်ပုံတင်ကဒ်(ZAIRYU CARD) နှင့် PASSPORT ယူဆောင်သွားရမည်။

နိုင်ငံခြားပညာတော်သင်ကျောင်းသားများအတွက်မိသားစုမှပို့ငွေနှင့်ကျောင်းထောက်ပံ့စရိတ်ရရှိသူများ၏တစ်လတာရရှိငွေပျမ်းမျှ

မိသားစုမှတစ်လစာပို့ငွေ၊ ကျောင်းထောက်ပံ့စရိတ်ရရှိမှုပျမ်းမျှဇယား

နယ်မြေအလိုက်ဝင်ငွေအနည်းဆုံးနယ်များTOKYOတစ်နိုင်ငံလုံးပျမ်းမျှ
ပို့ငွေ30000 ယန်း71000 ယန်း57000 ယန်း
ကျောင်းထောက်ပံ့စရိတ်30000 ယန်း19000 ယန်း22000 ယန်း

* Data: Japan Student Services Organization