• ဗမာစာ
  • 日本語

News / Topic

မိမိတက်ရောက်ချင်တဲ့ ဂျပန်နိုင်ငံရှိ တက္ကသိုလ်တွေကို ရှာဖွေကြရအောင်

ဂျပန်နိုင်ငံတွင် စီရင်စုပေါင်း ၄၇ ခု ရှိသော်လည်း ဂျပန်တစ်နိုင်ငံလုံးတွင် နိုင်ငံပိုင် တက္ကသိုလ် (国立大学) နှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ် (私立大学)များဟူ၍ အမျိုးမျိုး ရှိသည်။

MEXT ၏ စစ်တမ်းအရ ဂျပန်တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ပေါင်း ၈၀၇ ကျောင်း (၂၀၂၂ ခုနှစ်အထိ) ရှိသောကြောင့် မိမိကိုယ်တိုင် တက္ကသိုလ် ရွေးချယ်ဖို့ဆိုသည်မှာ ခက်ခဲမည်လို့ တွေးကောင်းတွေးနိုင်ပါသည်။ သို့ပေမဲ့လည်း တက္ကသိုလ်များ၏ ထူးခြားချက် များကို သိရှိထားပါက တက္ကသိုလ်ကို မိမိ ကိုယ်တိုင် ရွေးချယ်နိုင်သည်။ ထို့ကြောင့် ဒီတစ်ခါမှာတော့ တက္ကသိုလ်ကို ဘယ်လိုရှာဖွေရမလဲ ၊ ရွေးချယ်ရမလဲ ဆိုတာနှင့် ပတ်သက်ပြီး မိတ်ဆက်ပေးသွားပါမည်။

【တက္ကသိုလ် အမျိုးအစားများနှင့် ပတ်သက်၍】

ပထမဆုံးအနေနဲ့ ဂျပန်နိုင်ငံတွင် တက္ကသိုလ်အမျိုးအစားများ ၃မျိုး ရှိပါသည်။ နိုင်ငံတော်က တည်ထောင်သော နိုင်ငံပိုင် တက္ကသိုလ်များ (国立大学 . National University)၊ ဒေသန္တရ အစိုးရများမှ တည်ထောင်သော ပြည်သူပိုင်တက္ကသိုလ်များ(公立大学 . Public University )နှင့် ပုဂ္ဂလိကပိုင်တက္ကသိုလ်များ(私立大学 . Private University) ဟူ၍ ၃မျိုး ခွဲခြားထားသည်။ အစိုးရပိုင် တက္ကသိုလ်များသည် ခရိုင်အလိုက် တည်ထောင်ထားသော ခရိုင်တက္ကသိုလ်(県立大学 . Prefectural University) ၊ မြို့များအလိုက် တည်ထောင်သော မြို့တက္ကသိုလ် (市立大学 . City University)များ ပါဝင်သည်။

တက္ကသိုလ်များသည် အခြေခံအားဖြင့် ၄နှစ်ကြာ (ဆေးတက္ကသိုလ်များ သည် ပညာသင်နှစ် ၆နှစ်) သင်ကြားရသော်လည်း ပညာသင်နှစ် ၂နှစ် မှ ၃နှစ်ရှိသော ကာလတိုတက္ကသိုလ်များလည်း ရှိသည်။ ကာလတိုတက္ကသိုလ်များ၏ ထူးခြားချက်မှာ အထူးပြု သက်မွေးပညာကို ပိုမို အာရုံစိုက် သင်ယူရခြင်း ဖြစ်သည်။

【မြန်မာကနေ ဂျပန်ရှိတက္ကသိုလ်သို့ တိုက်ရိုက် တက်ရောက်မည့်အခါ တက္ကသိုလ် ရွေးချယ်နည်း】

မြန်မာမှ ဂျပန်ရှိတက္ကသိုလ် တိုက်ရိုက် တက်ရောက်ချိန်တွင် တက္ကသိုလ် ရွေးချယ်သည့်အခါ ဤ point တွေက အရေးကြီးပါသည်။

(၁) အတန်းများကို ဂျပန်ဘာသာဖြင့် သင်ကြားသော ပရိုဂရမ်က ကောင်းသလား ၊ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော ပရိုဂရမ်က ကောင်းသလား?

ဂျပန်ဘာသာ ပရိုဂရမ်လား အင်္ဂလိပ် ပရိုဂရမ်လား ဆိုတာပေါ်မူတည်ပြီး လျှောက်ထားရသည့်နည်းလမ်းမှာလည်း အတော်ကွဲပြားသွားမည်ဖြစ်ရာ အကယ်၍ မိမိသည် အင်္ဂလိပ်စာ ထူးချွန်သောသူ ဆိုပါလျှင်  အင်္ဂလိပ်ပရိုဂရမ်၏ ထူးခြားချက် များကို နားလည်သိရှိထားပြီးမှ လျှောက်ထားသည်က ပိုကောင်းပါသည်။ အင်္ဂလိပ်ပရိုဂရမ် အကြောင်းနှင့် ပတ်သက်ပြီး ဤဆောင်းပါးကိုလည်း ဖတ်ထား သင့်ပါသည်။

ဂျပန်ရှိ တက္ကသိုလ်များတွင် English Track Program ဖြင့် ပညာသင်ယူခြင်း

(၂) EJU စာမေးပွဲကို အသုံးပြုပြီး လျှောက်ထားနိုင်ပါသလား။

တက္ကသိုလ်၏ ကိုယ်ပိုင် စာမေးပွဲကို မဖြစ်မနေဖြေဆိုရသော အချို့ အမျိုးသား တက္ကသိုလ် နှင့် အနုပညာတက္ကသိုလ် များမှအပ လက်ရှိတွင် တက္ကသိုလ်အများအပြားမှ EJU စာမေးပွဲရမှတ်ကို အသုံးပြု၍ လျှောက်လွှာများကို လက်ခံလျက်ရှိသည်။ ၎င်းကို “渡日前入学許可制度 (とにちまえにゅうがくきょかせいど)” , “ဂျပန်တက္ကသိုလ်သို့ မတက်ရောက်ခင် အကြိုဝင်ခွင့်စစ်ဆေးခြင်း စနစ်” ဟုခေါ်ပါသည်။ ထိုစနစ်ကို အသုံးပြုသည့် တက္ကသိုလ်များသို့ လျှောက်ထားကြဖို့ တိုက်တွန်းလိုပါသည်။

EJU ကိုအသုံးပြု၍ ဂျပန်တွင် ပညာသင်ခြင်းနှင့် ပတ်သက်၍ ဤဆောင်းပါးတွင် လေ့လာနိုင်ပါသည်။

(EJU ကိုလေ့လာပြီး  စာမေးပွဲဖြေဆိုကြရအောင်)

(၃) မိမိ၏ ပညာအရည်အချင်းစွမ်းရည် နှင့် ကိုက်ညီသလား။

တက္ကသိုလ်များသည် level မြင့်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်သောကြောင့် ဦးစွာ မိမိ၏ ပညာအရည်အချင်း စွမ်းရည် ဘယ်လောက်ရှိသလဲ ဆိုတာကို မသိထားဘူးဆိုလျင် မိမိနှင့်ကိုက်ညီသော တက္ကသိုလ်ကို ရှာဖွေ နိုင်မည် မဟုတ်သောကြောင့် ဦးဆုံးအနေဖြင့် EJUစာမေးပွဲ၏ မေးခွန်းဟောင်းများကို ဖြေဆိုထားကြည့်ဖို့ အကြံပေးလိုပါသည်။

ရမှတ် ဘယ်လောက်ရရှိဖို့ လိုအပ်သလဲဆိုတာနှင့် ပတ်သက်ပြီး တက္ကသိုလ် လျှောက်လွှာလမ်းညွှန်များရှိ သတ်မှတ်ထားသော ရမှတ်များ ကို ဖော်ပြထားသည့် အတွက် ဦးဆုံးအနေနှင့် တက္ကသိုလ်၏ Application Guide ကို ရှာကြည့်ရမည်။ ၎င်းသည် လျှောက်လွှာအတွက် လိုအပ်သည့် သတ်မှတ်ထားသော ရမှတ်ကို ကြေညာထားသည့် တက္ကသိုလ်များ၏ လိုအပ်သော score ကိုကြည့်ရှူနိုင်ပါသည်။

※၎င်းသည် လျှောက်ထားရာတွင်သာ လိုအပ်သော ရမှတ် ဖြစ်သောကြောင့်  ထိုရမှတ် ရရှိထားရုံဖြင့် စာမေးပွဲ အောင်နိုင်မည်ဟု မဆိုလိုပါ။

https://www.jasso.go.jp/en/ryugaku/eju/examinee/prearrival/required_score.html

EJUစာမေးပွဲ၏ အောင်ချက်အတွက် target ရမှတ်မှာ ယေဘူယျအားဖြင့် အောက်ပါအတိုင်းဖြစ်သည်ဟု မကြာခဏပြောလေ့ရှိသည်။

※ဤတက္ကသိုလ် rank သတ်မှတ်ချက်ကို ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာစကား ကျောင်းများစွာက သတ်မှတ်ထားခြင်းဖြစ်သောကြောင့် rank မြင့်ခြင်းသည် ကောင်းမွန်သော ကျောင်းဟု မဆိုလိုပါ၊ rank နိမ့်သည့်အတွက် မကောင်းသော တက္ကသိုလ်ဟု မဆိုလိုပါ။

Rank A (နိုင်ငံပိုင် တက္ကသိုလ်) ဥပမာ – University of Tokyo, Hitotsubashi University, Kyoto University

Japanese :၃၈၀ မှတ်နှင့်အထက် ၊ Japan and the World : ၁၈၀ မှတ်နှင့်အထက် ၊ Science Subjects :၁၈၀ မှတ်နှင့်အထက် ၊ Math 1 (သို့) 2 : ၁၈၀ မှတ်နှင့် အထက်

Rank A (ပုဂ္ဂလိကပိုင် တက္ကသိုလ်) ဥပမာ – Waseda University, Keio University, Sophia University

Japanese :၃၇၀မှတ်နှင့်အထက် ၊ Japan and the World :၁၇၀ မှတ်နှင့်အထက် ၊ Science Subjects :၁၇၀မှတ်နှင့် အထက်၊ Math 1 (သို့) 2:၁၇၀မှတ်နှင့်အထက်

Rank B (နိုင်ငံပိုင် တက္ကသိုလ်) ဥပမာ – Tokyo University of Foreign Studies , University of Tsukuba, Osaka University

Japanese:၃၆၀မှတ်နှင့်အထက် ၊ Japan and the World :၁၆၀ မှတ်နှင့်အထက် ၊ Science Subjects :၁၆၀မှတ်နှင့် အထက်၊ Math 1 (သို့) 2:၁၆၀မှတ်နှင့်အထက်

Rank B (ပုဂ္ဂလိကပိုင် တက္ကသိုလ်) ဥပမာ- Meiji University, Aoyama Gakuin University Aoyama Campus , Rikkyo University, Chuo University, Hosei University, Gakushuin University (gmarch)

Japanese:၃၆၀မှတ်နှင့်အထက် ၊ Japan and the World :၁၆၀ မှတ်နှင့်အထက် ၊ Science Subjects :၁၆၀မှတ်နှင့် အထက်၊ Math 1 (သို့) 2:၁၆၀မှတ်နှင့်အထက်

● Rank C (နိုင်ငံပိုင် တက္ကသိုလ်) ဥပမာ – Yokohama National University, Chiba University, Hiroshima University, Tokyo Gakugei University, Saitama University, Shizuoka University, etc.

Japanese :၃၃၀မှတ်နှင့်အထက် ၊ Japan and the World :၁၄၀ မှတ်နှင့်အထက် ၊ Science Subjects :၁၄၀ – ၁၅၀ မှတ်နှင့် အထက်၊ Math 1 (သို့) 2:၁၄၀ -၁၅၀ မှတ်နှင့်အထက်

● Rank D (ပုဂ္ဂလိကပိုင် တက္ကသိုလ်) ဥပမာ – Nihon University, Toyo University, Komazawa University, Senshu University (日東駒専 ・にっとうこません)

Japanese :၃၃၀မှတ်နှင့်အထက် ၊ Japan and the World :၁၄၀ မှတ်နှင့်အထက် ၊ Science Subjects :၁၄၀ မှတ်နှင့် အထက်၊ Math 1 (သို့) 2:၁၄၀ မှတ်နှင့်အထက်

● Rank F (ပုဂ္ဂလိကပိုင် တက္ကသိုလ်) ဥပမာ – Dokkyo University, Seijo University, Reitaku University

Japanese:၃၀၀မှတ်နှင့်အထက် ၊ Japan and the world  :၁၄၀ မှတ်နှင့်အထက် ၊ Science Subjects :၁၅၀ မှတ်နှင့် အထက်၊ Math 1 (သို့) 2:၁၅၀ မှတ်နှင့်အထက်

(၄) တက္ကသိုလ်၏ website မှတဆင့် ပညာရေးဆိုင်ရာ အကြောင်းအရာတို့၏ ထူးခြားချက် များ၊ သင်ရိုးများကို စစ်ဆေးရမည်။

ဂျပန်၏ တက္ကသိုလ်များတွင် ဌာန နှင့် ဘာသာရပ်များစွာကို လေ့လာသင်ယူနိုင်ပေမဲ့ ဌာနအမည် တူနေသော်လည်း တက္ကသိုလ်အလိုက် သင်ကြားပေးသည့် အကြောင်းအရာများကွဲပြားသည်။ ထို့ကြောင့် တက္ကသိုလ်၏ websiteကို သေချာစစ်ဆေးသင့်သည်။ ထို့အပြင် တက္ကသိုလ်၏ အင်တာဗျူး၌ ဘာကြောင့် ဤတက္ကသိုလ်ကို ရွေးချယ်ခဲ့တာလဲ ? ဒီဘာသာရပ်ကို ဘာကြောင့်လေ့လာ ချင်တာလဲ? ဟူ၍ အသေးစိတ် မေးခွန်းများကို ဖြေဆိုရမည်ဖြစ်သောကြောင့် websiteကို လေ့လာကြည့်ပြီး အသေးစိတ် စဉ်းစားထားဖို့ လိုအပ်သည်။

တက္ကသိုလ်၏ ထူးခြားချက် များကို နားလည်ဖို့အတွက် တက္ကသိုလ်၏သင်တန်းများ အကြောင်းအရာသာမက volunteerလှုပ်ရှားမှုများ၊ internshipများကို တက်ကြွစွာ လုပ်ဆောင်ပေးလျက် ရှိသော တက္ကသိုလ်များ ကဲ့သို့သော သင်ကြားရေးပြင်ပမှ အခြားအချက်များကိုလည်း လေ့လာသိရှိထားဖို့ အရေးကြီးသည်။

တက္ကသိုလ်များရှာဖွေရန် အကြံပြုထားသော websiteများ

(၁)https://www.jpss.jp/en/?fbclid=IwAR3jCGF70O30N0NH3LnRoOIXTPxhMBAupUmSH710tn0l0_NCy3an2yOkpB8

(၂) https://www.studyinjapan.go.jp/en/planning/search-school/?fbclid=IwAR1zwbjFmkgpeS7XEYmlmlV5Lpq697y3SwZ0uKteYqB1IRG3YHljR9urWYE