• ဗမာစာ
  • 日本語

တက္ကသိုလ်ဘွဲ့လွန်တန်းများသို့ပညာသင်သွားရောက်ခြင်း

တက္ကသိုလ်ဘွဲ့လွန်တန်းများသို့ပညာသင်သွားရောက်ခြင်း

တက္ကသိုလ်ဘွဲ့လွန်တန်းများသို့ပညာသင်သွားရောက်ရန်လိုအပ်ချက်များ
  • မြန်မာနိုင်ငံတွင် တက္ကသိုလ်ဘွဲ့ရအထိ စုစုပေါင်းပညာသင်နှစ် (၁၆)နှစ်(ဆေးပညာနှင့်သွား၊ တိမွေးကုဘာသာရပ်များတွင် ၁၈နှစ်)သင်ယူပြီးမြှောက်ထားသူဖြစ်ရပါမည်။
  • အသက်(၂၂)နှစ်နှင့်အထက် ( သွား၊ ဆေး၊ တိမွေးကု ၂၄နှစ်) အထက်ဖြစ်ရမည်။တက္ကသိုလ်အလိုက် ကျောင်းဝင်ခွင့်စစ်ဆေးချိန်တွင် တက္ကသိုလ်ဘွဲ့ရ၁ယောက်၏အရည်ချင်း ပြည့်မှီသူဖြစ်ရမည်။
ကျောင်းဝင်ခွင့်လက်ခံချိန်ကာလ

ပုံမှန်တက္ကသိုလ်များကဲ့သို့ပင် (၃)လပိုင်းအကုန် (၄)လပိုင်းအစတွင် ကျောင်းဝင်ခွင့်လက်ခံကြပြီး (၉)လပိုင်း (၁၀)လပိုင်းတွင်လက်ခံသောကျောင်းများလည်းရှိသည်။ရက်ရှည်ပိတ်ရက်များမှာလည်း ပုံမှန်တက္ကသိုလ်များနှင့် အတူတူပင်ဖြစ်ပါသည်။

မြန်မာမှဂျပန်ဘွဲ့လွန်တန်းများသို့ပညာသင်သွားရန်အတွက်

ပုံမှန်တက္ကသိုလ်များကဲ့သို့ လိုအပ်ချက်မများပါ။ ဘွဲ့လွန်တန်းဝင်ခွင်အတွက်လည်းပဲ ပုံမှန်တက္ကသိုလ်ဝင်ခွင့်ကဲ့သို့ပင် EJU စာမေးပွဲအောင်လက်မှတ်ကိုအခြေခံ၍လျှောက်ထားခြင်းနည်းလမ်းနှင့် EJU စာမေးပွဲနှင်တူညီသော ဘွဲ့လွန်တန်းသီးသန့်စာမေးပွဲကိုဖြေဆို၍လျှောက်ထားသော နည်းလမ်းများရှိပါသည်။
ဂျပန်ရှိဂျပန်စာကျောင်းတွင် ပညာသင်ယူပြီးမှ ဘွဲ့လွန်တန်းသို့တဆင့် ကူးပြောင်းသူများလည်းရှိပါသည်။
ထို့အပြင် English ဘာသာသီးသန့်ဖြင့်စာမေးပွဲဖြေဆို၍ လျှောက်ထားနိုင်သောကျောင်းများလည်းရှိသည်။

အောက်ပါနည်းလမ်းဖြင့်လည်း သွားရောက်နိုင်ပါသည်။

( သုတေသနပြုဘွဲ့လွန်ကျောင်းသားအနေဖြင့်ပညာသင်သွားရောက်ခြင်းနည်းလမ်း )

ဂျပန်တက္ကသိုလ်ဘွဲ့လွန်တန်းများတွင် MA,MSc,PhD တန်းတို့အပြင် သုတေသနပြုကျောင်းသား ပညာတော်သင်စနစ်ရှိပါသည်။ သုတေသနပြုကျောင်းသားအဖြစ်လျှောက်ထားသောအခြေအနေတွင် စာရွက်စာတန်းအချက်လက်နှင့်သာကျောင်းလက်ခံသည်ကများပါသည်။
ထို့ကြောင့် သုတေသနပြုကျောင်းသားအဖြစ်ပညာတော်သင်သွားသောအခါ ဂျပန်ဘာသာနှင့်အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုခုကိုသင်ယူရပြီး MA မဟာတန်း PhD ဒေါက်တာတန်းများ၏ ဝင်ခွင့်စာမေးပွဲကိုဖြေဆိုရသောနည်းလမ်းဖြစ်သည်။ သို့ပေမယ့် သုတေသနပြုကျောင်းသားအဖြစ်ပညာသင်ယူနိုင်သောကာလမှာ (၆)လသာဖြစ်သောကြောင့် Lecture များတက်ရောက်သင်ကြားနိုင်သော်လည်း Credit မရယူနိုင်ပါ။ထို့ပြင် တက္ကသိုလ်ဘွဲ့ရထားသူအတွက် သုတေသနပြုကျောင်းသားအဖြစ် ဘွဲ့လွန်တန်းများသို့ပညာတော်သင်သွားရောက်နိုင်သလို မြန်မာတွင်ဘွဲ့လွန် ပြီးထားသူများလည်းသုတေသနကျောင်းသားအဖြစ် ပညာသင်သွားရောက်နိုင်သည်။