• ဗမာစာ
  • 日本語

အချိန်ပိုင်းအလုပ်များ

ဂျပန်ရှိအချိန်ပိုင်းအလုပ်များနှင့်ပတ်သက်၍

နိုင်ငံခြားပညာသင်ကျောင်းသားများ ဂျပန်တွင်အချိန်ပိုင်းအလုပ်လုပ်ရန်အတွက် နိုင်ငံခြားပညာသင်ကျောင်းသားအလုပ်လုပ်ခွင့်ကဒ်ပြား (SHIKAKUGAIKATSUDOU KYOKASHO) မရှိမဖြစ်လိုအပ်ပါသည်။
ထို့ကြောင့်ဂျပန်ရောက်လျှင် တက္ကသိုလ်ကျောင်းများ၏တာဝန်ခံရုံးများတွင် သွားရောက်စုံစမ်း၍လျှောက်ထားရပါမည်။
ဂျပန်တွင်အချိန်ပိုင်းအလုပ်လုပ်ခြင်းကြောင့် ဂျပန်၏လူနေမူပုံစံနေထိုင်စားသောက်မှုဘဝ၊ ယဉ်ကျေးမှုထုံးစံဓလေ့များကိုနားလည်ခံစားနိုင်သည့်အပြင် ဂျပန်စာတိုးတက်မှုအတွက်လည်း အထောက်အကူဖြစ်စေပါသည်။
သို့သော်လည်း ဂျပန်ကိုလာရခြင်း၏အဓိကရည်ရွက်ချက်မှာ ပညာသင်ယူရန်ဖြစ်သောကြောင့် အလုပ်ကိုဦးတည်ချက်ထားလုပ်ကိုင်ခြင်းမျိုးမဖြစ်သင့်ပါ။
ဂျပန်တွင် နိုင်ငံခြားပညာသင်ကျောင်းသားများအတွက် အချိန်ပိုင်းအလုပ်လုပ်ခွင့်မှာတစ်ပတ်လျှင် ၂၈ နာရီ ၊ကျောင်းရက်ရှည်ပိတ်ချိန်များတွင်တစ်ပတ် ၄၀ နာရီ (တစ်ရက်လုပ်ချိန် ၈ နာရီအောက်) ဟူ၍သတ်မှတ်ဥပဒေရှိပါသည်။

TOKYO တွင်တစ်ပတ်-၂၈ နာရီလုပ်ပါက အချိန်ပိုင်းအလုပ်လုပ်ခပျမ်းမျှ ဥပမာ..

၁ နာရီ ၉၀၀ ယန်း × ၁ ရက် ၅.၆ နာရီ (၂၈/၅) = ၅၀၄၀ ယန်း(တစ်ရက်လုပ်ခ)
တစ်ပတ် ၅ ရက် ၅၀၄၀ × ၅ =၂၅၂၀၀ ယန်း(တစ်ပတ်စာလုပ်ခ)
၂၅၂၀၀ × ၄ (တစ်လ၄ပတ်) = ၁၀၀၈၀၀ ယန်း(တစ်လစာလုပ်ခ)

ဤဥပမာမှာလုပ်ခမြင့်သောနေရာအတွက် တွက်ပြထားခြင်းဖြစ်သည်။
နယ်ဒေသများတွက်တစ်နာရီလုပ်ခ ၉၀၀ ထက်နည်းပါသည်။

တနည်းအားဖြင့် ဂျပန်တွင်အချိန်ပိုင်းအလုပ်တစ်ခုတည်းကိုအားထားပြီး ကျောင်းလခနေထိုင်မှုစရိတ်တို့ကို ဖြေရှင်းရန်မဖြစ်နိုင်ပါ။
ထို့ကြောင့်အချိန်ပိုင်းအလုပ်ကိုအားမထားဘဲ ကျောင်းလခအတွက်ငွေကြေးလုံလောက်မှုရှိစေရန် ဂျပန်မလာခင်ကတည်းကသေချာအစီစဉ်ချမှတ်ထားသင့်ပါသည်။

ဂျပန်တက္ကသိုလ်၊ ကျောင်းများတွင် နိုင်ငံခြားပညာတော်သင်ကျောင်းသားများအတွက် အချိန်ပိုင်းအလုပ်ရှာဖွေမိတ်ဆက်ပေးခြင်းများပြုလုပ်ပေးပါသည်။ ဂျပန်ရောက်စတွင် ဘာသာစကားအခက်ခဲကြောင့် ပင်ပန်းဆင်းရဲမှုများကြုံတွေ့နိုင်ပါသည်။ ကျောင်း၊တက္ကသိုလ်တွင် ပညာတော်သင်ကျောင်းသားများနှင့်အသားကျနေသောလုပ်ငန်းရှင်များသို့ ရွေးချယ်မိတ်ဆက်ပေးပါသည်။

ဂျပန်ရှိအချိန်ပိုင်းအလုပ်များနှင့်ပတ်သက်၍

ဂျပန်တွင်သတ်မှတ်ဥပဒေတစ်ပတ်(၂၈)နာရီထက်ပိုအလုပ်လုပ်ပါက ဥပဒေဖောက်ဖျက်ခြင်းဖြစ်ပြီး တွေ့ရှိလျှင်ချက်ခြင်းတိုင်းပြည်ပြန်ခိုင်းမည်ဖြစ်သည်။ ယခုလက်ရှိတွင် ဂျပန်တွင်အချိန်ပိုင်းအလုပ်လုပ်ငွေရှာရန်ရည်ရွယ်၍ လာရောက်သောကျောင်းသားများတိုးပွားနေသောကိစ္စမှာ ပြသနာဖြစ်နေပါသည်။ထို့ကြောင့်အလုပ်လုပ်ငွေရှာရန်ရည်ရွယ်၍ဂျပန်မလာသင့်ပါ။

၂၀၁၇ မှစ၍ဂျပန်တွင် MyNumber ဟုခေါ်သောစနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပါသည်။
MyNumber စနစ်တွင် ကျောင်းသားများအတွက်လည်း Number တစ်ခုစီရရှိမည်ဖြစ်ပြီး ၎င်း Number ဖြင့်ကျောင်းသား၏အလုပ်၊ လစာအချက်လက်စသည်တို့ကို ဂျပန်အစိုးရမှထိန်းချုပ်ထားမည်ဖြစ်သည်။

တဖန်ယခုနောက်ပိုင်းတွင် နိုင်ငံခြားပညာသင်ကျောင်းသားများအား TARGET ထားပြီးရာဇဝတ်မှု၊ ဥပဒေနှင့်မညီသောအလုပ်များလုပ်ခိုင်းစေရန် ဆွဲဆောင်နေသောလူဆိုးဂိုဏ်းများ မကောင်းသောပွဲစားအဖွဲ့များလည်း ပေါ်ပေါက်နေပါသည်။ သတိထားကြပါစို့