• ဗမာစာ
  • 日本語

News / Topic

ဂျပန်ရှိ တက္ကသိုလ်များတွင် English Track Program ဖြင့်ပညာသင်ယူခြင်း

ဂျပန်ရှိ တက္ကသိုလ်များတွင်လည်းပဲ အတန်းအားလုံးကို အင်္ဂလိပ်စာဖြင့် သင်ကြားပေးသည့် English Track Programတွေ များပြားလာလျက်ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် သင်ယူခြင်းနှင့် ဂျပန်ဘာသာဖြင့် သင်ယူခြင်းတို့ ကြားက ကွာခြားချက်ကဘာလဲ?

●English Track Program ဆိုသည်မှာ?

၎င်းသည် ဂျပန်ရဲ့အစိုးရတက္ကသိုလ် နှင့် ပုဂ္ဂလိကတက္ကသိုလ်များတွင် အတန်းအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးသည့် program ဖြစ်သည်။ အခြေခံအားဖြင့် အတန်းအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးသော်ငြား ပညာတော်သင်ကျောင်းသားများအတွက် ဂျပန်ဘာသာအတန်း ရှိသည့် တက္ကသိုလ်များလည်းပဲရှိသည်။ ထိုကဲ့သို့သော တက္ကသိုလ်များတွင် ဂျပန်စာကိုလည်းပဲ လေ့လာသင်ကြားနိုင်မှာ ဖြစ်ပါသည်။ Program၏ ဘာသာရပ်များသည် အမျိုးမျိုးရှိပေမဲ့ အထူးသဖြင့် အစိုးရတက္ကသိုလ်တွင် သိပ္ပံတွဲ ဘာသာရပ်များ၌ အင်္ဂလိပ်စာ programများ အများအပြားရှိသည့် အလားအလာရှိသည်။

● ဂျပန်ဘာသာဖြင့် သင်ကြားသည့်program တွေနဲ့ ဘယ်လိုကွာခြားသလဲ?

➀ အင်္ဂလိပ်ဘာသာကို ပို၍ ကျွမ်းကျင်ထားသည့်အခါမှာ လျှောက်ထားရလွယ်ကူသည်

အင်္ဂလိပ် programမှာတော့ အင်္ဂလိပ်စာစွမ်းရည်တစ်ခုတည်းဖြင့် လျှောက်ထားနိုင်သည့် တက္ကသိုလ်များစွာ ရှိသည့်အတွက် အင်္ဂလိပ်စာတော်သည့်‌ ကျောင်းသားများအနေဖြင့် လျှောက်ထားရ အလွန်လွယ်ကူသည်။ IELTS, TOEFL iBT, TOEIC L&R တို့ကိုသာ အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲ အနေဖြင့် သတ်မှတ်ကြသည့် တက္ကသိုလ်တွေများပေမဲ့ အချို့တက္ကသိုလ်များသည် အွန်လိုင်းတွင် ဖြေဆိုနိုင်သည့် Duolingo ကဲ့သို့သော စာမေးပွဲဖြင့်လည်း လျှောက်လွှာလက်ခံသည့် တက္ကသိုလ်များလည်း ရှိသည်။

သို‌ပေမဲ့လည်း အချို့သော program များမှာ EJU စာမေးပွဲကို ဖြေဆိုဖို့လိုအပ်သည့် တက္ကသိုလ်များလည်း ရှိသည့်အတွက် လျှောက်ထားသည့်အခါ သတ်မှတ်ချက်များကို သေချာလေ့လာ စစ်ဆေးဖို့လိုပါသည်။

② ကျောင်းဝင်ခွင့်ကာလ

ဧပြီလကျောင်းဝင်ခွင့် အတွက် အင်္ဂလိပ်စာ programများရှိသည့် တက္ကသိုလ်များလည်း ရှိပေမဲ့ နိုင်ငံခြားတက္ကသိုလ်များ၏ ပညာသင်နှစ် နှင့်ကိုက်ညီစေရန် စက်တင်ဘာလ နှင့် အောက်တိုဘာလတွင် ဝင်ခွင့်ရသည့် တက္ကသိုလ်က ပို၍များပါသည်။ ထို့အတွက်ကြောင့် အင်္ဂလိပ်စာ programဖြင့်လျှောက်ထားသည့်အခါ လျှောက်ထားနိုင်မည့် ကာလကိုဂရုစိုက်ပါ။

③ အင်္ဂလိပ်စာ programတွင် ပြည်ပမှ Professor များစွာရှိသည်

အင်္ဂလိပ်စာ program တက္ကသိုလ်များတွင် အတန်းများကို ပြည်ပမှ Professorများ သင်ကြားပေးသည်က ပို၍များသည်။

●အင်္ဂလိပ်စာ programဖြင့် လေ့လာသည့်အခါ မှတ်သားထားရမည့် အချက်များ

➀ ဂျပန်ဘာသာစကားစွမ်းရည်နှင့်ပတ်သက်၍

လက်ရှိဂျပန်နိုင်ငံအတွင်း အင်္ဂလိပ်စာ programဖြင့် ဘွဲ့ရခဲ့သည့် နိုင်ငံခြားကျောင်းသားများတွင် အလုပ်ရဖို့ ခက်ခဲသည့် ပြဿနာရှိသည်။ အကြောင်းမှာ ဂျပန်ဘာသာစွမ်းရည်ကြောင့်ဖြစ်သည်။ အလုပ်ရှာဖွေသည့်အခါ ဂျပန်ကုမ္ပဏီတော်တ်ောများများတွင် ဂျပန်ဘာသာစကားစွမ်းရည်ကို လိုအပ်သည်က ပို၍များသည်။ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်ပေမဲ့လည်း ဂျပန်ဘာသာစကားက သိပ်ပြီး မပြောနိုင်သည့်အခါ အလုပ်ရှာဖွေဖို့က ခက်ခဲပါသည်။ ထို့အတွက်ကြောင့် လက်တလောတွင် အင်္ဂလိပ်စာ program ‌ပညာတော်သင်ကျောင်းသားများလည်းပဲ ဂျပန်စာကို N2~N1 level အထိလေ့လာနိုင်သည့် ဂျပန်စာအတန်းများ ဖွင့်လှစ်ထားသော တက္ကသိုလ်များနှင့် ဂျပန်ဘာသာစကားအတန်းကို မဖြစ်မနေသင်ယူဖို့လိုအပ်သည့် တက္ကသိုလ်များလည်း တိုးပွားလျက်ရှိသည်။

ဒါကြောင့် အထူးသဖြင့် ဘွဲ့ရရှိပြီးနောက် ဂျပန်ရှိ ကုမ္ပဏီများတွင် အလုပ်ရရှိလိုသည့် ကျောင်းသားများသည် အင်္ဂလိပ်စာ programဖြင့် နိုင်ငံခြားတွင် ပညာသင်ယူနေပေမဲ့လည်း ၄နှစ်တာကာလအတွင်း ဂျပန်စာကို N2~N1 Level အထိ လေ့လာထားရန် အကြံပြုလိုပါသည်။

② EJUစာမေးပွဲနှင့် ပတ်သက်ပြီး

အချို့သော တက္ကသိုလ်များသည် အင်္ဂလိပ်စာ program များတွင် EJUစာမေးပွဲကို ဖြေဆိုရန်လိုအပ်သည့် တက္ကသိုလ်များလည်း ရှိပေမဲ့ EJUစာမေးပွဲကို မလိုအပ်သော အင်္ဂလိပ်စာ programဖြင့် နိုင်ငံခြားတွင် ပညာသင်ကြားသည့် အခါတွင်လည်းပဲ မြန်မာတွင် EJUစာမေးပွဲကို ဖြေဆိုရန် အထူးတိုက်တွန်းလိုပါသည်။ တက္ကသိုလ်တွင် Reduction Scholarship ကဲ့သို့သော တက္ကသိုလ်၏ပညာသင်ဆုအစီအစဉ်များလည်း များစွာရှိသည်။ ထိုပညာသင်ဆုတွင် ရွေးချယ်ခံရရန်အတွက် အခြားသောတိုင်းပြည်များမှ ပညာတော်သင်ကျောင်းသားနှင့် ယဉ်ပြိုင်ရမည်ဖြစ်ပြီး အင်္ဂလိပ်စာစွမ်းရည်တစ်ခုတည်းမဟုတ်ပဲ EJUစာမေးပွဲ၏ ရမှတ်ကိုလည်း ပြသနိုင်လျင် ပညာသင်ဆုကိုရရှိနိုင်မည့် အခွင့်အလမ်းပိုများမည် ဖြစ်ပါသည်။

အင်္ဂလိပ်စာ programရှိသည့် တက္ကသိုလ်များ

အင်္ဂလိပ်စာ programပါရှိသော တက္ကသိုလ်များ၏ စာရင်းကို ဤ website ကနေ download ပြုလုပ်၍ ရသည့်အတွက် သင်စိတ်ဝင်စားသည့် တက္ကသိုလ်ကို ဤနေရာမှရှာဖွေပါ။

https://www.studyinjapan.go.jp/en/planning/by-style/english-program/

အင်္ဂလိပ်စာ programဖြင့် နိုင်ငံခြားပညာတော်သင်ကြားဖို့ ဆုံးဖြတ်ထားပြီးဆိုရင် ဘွဲ့ရရှိပြီးနောက် အလုပ်ရှာဖွေဖို့ နှင့် ပညာသင်ကြားတဲ့အခါ EJUစာမေးပွဲကိုလည်းဖြေဆိုရန် ထည့်သွင်းစဉ်းစားကြရအောင်!