• ဗမာစာ
  • 日本語

နည်းပညာကောလိပ်များသို့ပညာသင်သွားရောက်ခြင်း

နည်းပညာကောလိပ်များသို့ပညာသင်သွားရောက်ခြင်း

နည်းပညာကောလိပ်များသို့ပညာသင်သွားရောက်ရန်အတွက်လိုအပ်ချက်များ
  • အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး ပညာသင်နှစ်စုစုပေါင်း(၁၂)နှစ် သင်ယူပြီးမြှောက်ထားရမည်ဖြစ်သည်။
  • မြန်မာနိုင်ငံတွင်၂၀၁၆ခုနှစ်မှစပြီး ပညာရေးစနစ်ပြောင်းလဲထားသောကြောင့် အထက်တန်းအထိပညာသင်နှစ်စုစုပေါင်း (၁၁)နှစ်ဖြင့်လျှောက်ထားနိုင်သော တက္ကသိုလ်များလည်းရှိပါသည်။
  • ထို့ပြင် နောက်ထပ်နည်းလမ်းတစ်ခုမှာ ပညာသင်နှစ်(၁၂)နှစ်မပြည့်သော်လည်း ဂျပန်ပညာရေးဝန်ကြီးဌာနမှချမှတ်ထားသော တက္ကသိုလ်ဝင်ခွင့်အကြိုသင်တန်းကျောင်းတွင် ၁နှစ်တက်ရောက်ထားပါက ကျောင်းဝင်ခွင့်အတွက်အသိမှတ်ပြုပါသည်။
  • Baccalaureate, Abitur စသည့် အရည်ချင်းအသိမှတ်ပြုလက်မှတ်များရှိပါက၊ အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်လျှင်ကျောင်းဝင်ခွင့်လက်ခံပါသည်။
  • ဂျပန်စာအရည်အချင်းမှ ာအောက်ပါအချက်တစ်ခုခုနှင့် ကိုက်ညီသည့်အရည်ချင်းရှိရပါမည်။
    ၁. JLPT N1(သို့) N2 အောင်မြင်ထားရမည်။
    ၂။ EJU စာမေးပွဲ ဂျပန်ဘာသာရမှတ်(၂၀၀)နှင့်အထက်။
    ၃။ BJT (business nihongo) စာမေးပွဲရမှတ်(၄၀၀)နှင့်အထက်။
    ၄။ Japan Ministry of Justice မှသတ်မှတ်ထားသော ပညာရေးဌာနတစ်ခုခုတွင် ဂျပန်စာ(၆)လနှင့်အထက်သင်ယူထားခြင်း
    ၅။ ဂျပန်မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတစ်ခုခုတွင် (၁)နှစ်နှင့်အထက်တက်ရောက်ထားခြင်း
ကျောင်းဝင်ခွင့်လက်ခံချိန်ကာလ

ပုံမှန်အားဖြင့် ဂျပန်တက္ကသိုလ်များသည် (၃)လပိုင်းအကုန် (၄)လပိုင်းအစတွင် ကျောင်းဝင်ခွင့်လက်ခံကြပြီး (၉)လပိုင်း (၁၀)လပိုင်းတွင် လက်ခံသောကျောင်းများလည်းရှိသည်။ ရက်ရှည်ပိတ်ရက်များမှာ (၇)လပိုင်းအကုန်မှ (၈)လပိုင်းအကုန်ထိ(နွေရာသီပိတ်ရက်)၊ (၁၂)လပိုင်းအကုန်မှ (၁)လပိုင်း(နှစ်သစ်ကူးပိတ်ရက်)နှင့် (၂)လပိုင်းအကုန်မှ (၄)လပိုင်းအစထိ တစ်နှစ်လျှင် (၃)ကြိမ်ရှိပါသည်။

မြန်မာမှဂျပန်ရှိနည်းပညာကောလိပ်များသို့ပညာသင်သွားရောက်ရန်အတွက်
( EJU စာမေးပွဲကိုဖြေဆို၍ပညာသင်သွားရောက်ခြင်းနည်းလမ်း )

ယခုလက်ရှိ ဂျပန်ရှိအသက်မွေးဝမ်းကျောင်းကောလိပ်များသည် မြန်မာနိုင်ငံတွင် EJU ဖြေဆို၍ EJU အောင်လက်မှတ်ဖြင့်ကျောင်းလျှောက်ထားနိုင်သည်။

ဂျပန်မလာမှီ မိမိတိုင်းပြည်တွင်နေ၍ ကျောင်းဝင်ခွင့်လျှောက်ထားနိုင်သောစနစ်ကို အသုံးပြုပေးလျက်ရှိသော ကောလိပ်အများအပြားရှိသောကြောင့်၊ ကောလိပ်ဝင်ခွင့်လျှောက်ခြင်းမှာ တက္ကသိုလ်ဝင်ခွင့်လောက်မခက်ခဲပါ။

ထို့ကြောင့် ဂျပန်တွင် Language School တဆင့်မခံပဲမြန်မာတွင်နေထိုင်ရင်းဖြင့် EJU စာမေးပွဲဖြေဆို၍ နည်းပညာကောလိပ်များသို့ တိုက်ရိုက်ဝင်ခွင့်လျှောက်ထားနိုင်သောကြောင့် Language school အတွက်ကျောင်းလခအတော်များများသက်သာစေပါသည်။ သို့သော် EJU စာမေးပွဲကိုဖြေဆိုနိုင်ရန်အတွက်မှာ ဂျပန်စာ Levelအနည်းဆုံး N3,N2 အဆင့်ထိရှိရန်လိုအပ်သောကြောင့် ဂျပန်စာကိုပို၍ကြိုးစားရပါမည်။

ကျွန်တော်တို့ J-Compass ကျောင်းတွင် EJU Exam အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးနေပြီး ဂျပန်ရှိနည်းပညာကောလိပ်များသို့ တိုက်ရိုက်ပညာသင်သွားနိုင်ရန် ထောက်ပံ့ပေးနေပါသည်။


( ဂျပန်တွင် Language School တက်ရောက်ပြီးမှကောလိပ်သို့တဆင့်ဆက်သွားသောနည်းလမ်း )

ယခုလက်ရှိ ဂျပန်တွင်ရှိသောမြန်မာကျောင်းသားအများစုမှာ ဂျပန်ကျောင်း(၂)နှစ်တက်၍ နည်းပညာကောလိပ်များသို့ဆက်လက်ကူးပြောင်းသောနည်းလမ်းကို အသုံးပြုကြသည်။ နည်းပညာကောလိပ်အများစုမှာ ဂျပန်ဘာသာအရည်ချင်းတစ်ခုတည်းနှင့် ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ခြင်း၊ IT,ANIMATION,FASHION,TOURISM စသောပညာရပ်များကိုလက်တွေ့ဦးစားပေးလေ့လာနိုင်ခြင်းတို့ကြောင့် လူကြိုက်များကြသည်။

ဂျပန်စာကျောင်းမှတဆင့် ကာလိပ်သို့ကူးပြောင်းသောနည်းမှာ ကောလိပ်မတက်ရောက်ခင်ဂျပန်စာကျွမ်းကျင်မှုနှင့်ပတ်ဝန်းကျင်အသားကျအောင် အချိန်ယူပြင်ဆင်နိုင်ခြင်း၊ ဂျပန်၏သတင်းအချက်အလက်များကိုစုဆောင်းနိုင်ခြင်း စသည်အားသာချက်များရှိသော်လည်း တစ်ဘက်တွင် ဂျပန်စာကျောင်းအတွက်ကျောင်းလခပိုမိုကုန်ကျခြင်း စသည့်အားနည်းချက်များလည်းရှိပါသည်။