• ဗမာစာ
  • 日本語

News / Topic

EJU ကိုလေ့လာပြီး  စာမေးပွဲဖြေဆိုကြရအောင်

● EJU စာမေးပွဲဆိုသည်မှာ?

EJU  စာမေးပွဲဆိုတာကတော့ JASSO(Japan Student Service Organization) မှ နိုင်ငံခြားသားများ ပညာတော်သင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားသော စာမေးပွဲဖြစ်ပါသည်။ လက်ရှိဂျပန်၏ တက္ကသိုလ်  အများပြားမှ စာမေးပွဲကို ပညာတော်သင်ကျောင်းသားများအား အခြေခံ‌ရွေးချယ်မှုအဖြစ် အသုံးပြုပြီး တက္ကသိုလ်၏ ဌာနအလိုက် စာမေးပွဲဖြေဆိုထားသော ဘာသာရပ်ကို သတ်မှတ်ထားပါသည်။ EJU ကိုအသုံးပြုပြီး ဂျပန်မှ တက္ကသိုလ်များ၏ စာမေးပွဲများကို သွားရောက်ဖြေဆိုရန်မလိုဘဲ နိုင်ငံခြားမှာ EJU ကိုဖြေဆိုနိုင်ပြီး ၎င်းရမှတ်ကို အသုံးပြုပြီး လျှောက်ထား၍ ရနိုင်ပါသည်။

ထို့အပြင် အသက်မွေး၀မ်းကျောင်း ကောလိပ်များတွင် ကျောင်းအများစုအတွက် လျှောက်လွှာတင်ချိန် လိုအပ်ချက်များမှာ JLPT N2 , EJU ဂျပန်ဘာသာရပ်အမှတ် ၂၀၀ ( ၂၀၀ အထက်ကျောင်းများလဲရှိပါသည် ) BJT အမှတ်၄၀၀ တို့ ဖြစ်သောကြောင့် JLPT N2 ကို မအောင်မြင်ထားသော အခြေအနေတွင်လည်း EJU မှ ဂျပန်ဘာသာရပ်ဖြင့် ကျောင်းများမှသတ်မှတ်ထားသော အမှတ်ထက် ပို၍ရရှိအောင် ဖြေဆိုခြင်းဖြင့်လဲ လျှောက်ထား၍ ရနိုင်ပါသည်။

● EJU စာမေးပွဲဘာသာရပ်‌များ

① ဂျပန်ဘာသာ ( စာမေးပွဲဖြေဆိုချိန် ၁၂၅ မိနစ် , ရမှတ် ၄၅၀ )

  • Reading ・ Listening ・ Listening :  အမှတ် ၄၀၀
  • ရေးဖြေ  အမှတ် ၅၀

EJU စာမေးပွဲသည် တက္ကသိုလ် ၊ ဘွဲ့လွန် ၊ အသက်မွေး၀မ်းကျောင်းကောလိပ်တွင် သင်ခန်းစာများကို သေချာစွာ နားလည်နိုင်မှုကို တိုင်းတာရန်အတွက် Reading မေးခွန်းများ ပို၍မေးမြန်းထားပါသည်။ ကျောင်းသားကိုယ်တိုင်၏ ထုတ်သုံးနိုင်သောစွမ်းရည်လည်း လိုအပ်သည်ဖြစ်၍ ရေးဖြေမေးခွန်းများလည်း ရှိပါသည်။

② အထွေထွေဘာသာရပ် ( စာမေးပွဲဖြေဆိုချိန် ၈၀ မိနစ် , ရမှတ် ၂၀၀ )

  • ပြည်သူ့နီတိ ၊ ပထ၀ီ ၊ သမိုင်း တို့ကို ပေါင်းစပ်၍ မေးခွန်းထုတ်ထားသည်။
  • ဂျပန်၏ သမိုင်းကြောင်း၊ ပထ၀ီ ၊ စီးပွားရေး ၊ နိုင်ငံရေး အစရှိသော ဂျပန်နှင့်ပတ်သတ်သော အထွေထွေ ဗဟုသုတတို့လဲ လိုအပ်ပါသည်။

EJUကို စာမေးပွဲ၀င်ရောက်ဖြေဆိုရန်မဟုတ်ဘဲ ဂျပန်၏အကြောင်းရာများကို လေ့လာချင်သည့် အခြေအနေမျိုးတွင်လည်း သေချာပေါက် လေ့လာသင့်သော ဘာသာရပ်ဖြစ်ပါသည်။

  • ဂျပန် ၊ အင်္ဂလိပ်ဘာသာဖြင့် ၀င်ရောက်ဖြေဆိုနိုင်သော်လည်း တက္ကသိုလ်ပေါ်မူတည်၍ သတ်မှတ်ထားခြင်း ရှိပါသည်။

③ သင်္ချာ ( စာမေးပွဲဖြေဆိုချိန် – ၈၀ မိနစ် , ရမှတ် ၂၀၀ )

  • Math 1 , Math 2  ဟူ၍ ခွဲခြားထားပါသည်။ အခြေခံအားဖြင့် သိပ္ပံဘာသာရပ်ဖြင့် ပညာသင်ကြားချင်သော အခြေအနေတွင် Math 2 ကိုလိုအပ်ပါသည်။
  • ဂျပန်၊ အင်္ဂလိပ်ဘာသာဖြင့် ၀င်ရောက်ဖြေဆိုနိုင်သော်လည်း တက္ကသိုလ်ပေါ်မူတည်၍ သတ်မှတ်ထားခြင်း ရှိပါသည်။

④ သိပ္ပံ ( စာမေးပွဲဖြေဆိုချိန် – ၈၀ မိနစ် , ရမှတ် ၂၀၀ )

  • ရူပဗေဒ ၊ ဓာတုဗေဒ ၊ ဇီ၀ဗေဒ တို့အနက် တက္ကသိုလ်မှ သတ်မှတ်ထားသော ဘာသာရပ်နှစ်ခုကို ဖြေဆိုရမည်။
  • ဂျပန်၊ အင်္ဂလိပ်ဘာသာ ဖြင့် ၀င်ရောက်ဖြေဆိုနိုင်သော်လည်း တက္ကသိုလ်ပေါ်မူတည်၍ သတ်မှတ်ထားခြင်း ရှိပါသည်။

※လူမှုရေးသိပ္ပံတက္ကသိုလ်များမှ Undergraduate ကျောင်းသားများအနေဖြင့် ( ဂျပန်ဘာသာရပ် ၊ အထွေထွေဘာသာရပ် ၊ Math 1 ) သုံးဘာသာကို ဖြေဆိုခြင်း ၊ ( ဂျပန်ဘာသာရပ် ၊ အထွေထွေဘာသာရပ် )နှစ်ဘာသာကို ဖြေဆို ရသည်က များပါသည်။

※သိပ္ပံဌာနမှ Undergraduate ကျောင်းသားများအနေဖြင့် (ဂျပန်ဘာသာ၊ သိပ္ပံဘာသာရပ်မှ ၂ ဘာသာ နှင့် Math 2 )၏ ၄ဘာသာကို စာမေးပွဲဖြေဆိုရမည်ဟု သတ်မှတ်ထားသည်က များသည်။

※ဂျပန်ဘာသာရပ်မှအပ အခြားသောဘာသာရပ်များကို ဖြေဆိုရာတွင် ( ဂျပန်ဘာသာဖြင့် ရေးသားထားသော မေးခွန်းများကို ဖြေဆိုရခြင်း ၊ အင်္ဂလိပ်ဘာသာဖြင့် ‌ရေးသားထားသော မေးခွန်းများကိုဖြေဆိုရခြင်း ) တက္ကသိုလ်ပေါ်မူတည်၍ သတ်မှတ်ထားသောကြောင့် သေချာ အတည်ပြုကြည့်ရန်လိုအပ်ပါသည်။

ဥပမာအားဖြင့် အထွေထွေဘာသာရပ်နှင့် Math 1ကိုဖြေဆိုမည့် အချိန်တွင်  အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားထားသော မေးခွန်းများကို ဖြေဆိုရန် ရွေးချယ်ထားပါက  အထွေထွေဘာသာရပ်နှင့် Math 1 နှစ်ခုလုံးအား အင်္ဂလိပ်ဘာသာဖြင့်ဖြေဆိုရမည်။ ဘာသာရပ် ၂ခုထဲက မေးခွန်းကိုအင်္ဂလိပ်လို ရေးထားသော တစ်ခုတည်းကိုပဲ ဖြေဆိုလို့မရနိုင်ပါကြောင်း သတိပြုစေလိုပါသည်။

အသက်မွေး၀မ်းကျောင်း ကောလိပ်သို့တက်ရောက်ချင်သည့် အချိန်တွင်မူ ( ဂျပန်ဘာသာရပ် ) တစ်ခုတည်းဖြင့်သာ ဖြေဆိုနိုင်သည့် ကျောင်းများ များပါသည်။

●EJU  စာမေးပွဲကို ဖြေဆိုသည့်အတွက် ရရှိနိုင်သော အားသာချက်များ

➀ EJU တွင် အမှတ်ကောင်းကောင်းရရှိထားလျှင် ပညာသင်ထောက်ပံ့ငွေရရှိနိုင်ခြင်း

EJU စာမေးပွဲတွင် MEXT Scholar Program ၏ ပညာသင်ဆုတစ်ခုကို ကြိုတင် လျှောက်ထားနိုင်သော စနစ်ရှိပြီး ရလဒ်ကောင်းရရှိသည့် အချိန်တွင် လစဥ် ၄၈,၀၀၀ ယန်း ( ပျမ်းမျှ ၄၃၄ ဒေါ်လာ ) ကို ပညာသင်ထောက်ပံ့ကြေးအဖြစ် ရရှိနိုင်ပါသည်။ ပထမ ၁နှစ်စာဖြစ်‌သော်လည်း အမှတ်ကောင်းကောင်း ရရှိပါက တဖန်ပြန်လည်လျှောက်ထားနိုင်ပြီး တက္ကသိုလ် ကာလတွင် အချိန်အကြာဆုံး လေးနှစ်ကြာ ရရှိနိုင်ပါသည်။ ရည်ရွယ်ထားသည်မှာ တက္ကသိုလ်ဖြစ်စေ အသက်မွေး၀မ်းကျောင်း ကောလိပ်ဖြစ်စေ ပညာတော်သင်သွားမည့် ကျောင်းသားများတွက်သာဖြစ်သောကြောင့် ဘွဲ့လွန်နှင့် ဂျပန်ဘာသာသင်ကျောင်းများသို့ ပညာသင်သွားမည့် အချိန်တွင်    EJU  စာမေးပွဲကို ၀င်ရောက်ဖြေဆိုပြီး ပညာသင်ထောက်ပံ့ငွေ ကြိုတင်လျှောက်ထား၍ မရနိုင်ပါ။

②  တက္ကသိုလ်၏ ပညာသင်ထောက်ပံ့ကြေးငွေ လျှောက်ထားချိန်တွင် မိမိ၏ အမှတ်ကိုဖော်ပြနိုင်မည်။

   EJU ကို အသုံးပြုသော တက္ကသိုလ်၊ EJU ကို အသုံးမပြုသော တက္ကသိုလ် ( ဥပမာအားဖြင့် English Track Program) အခြေနေမျိုးဖြစ်စေ  EJU ဖြင့် ရမှတ်ကောင်းကောင်းရရှိထားပါက တက္ကသိုလ်၏ ပညာသင်ထောက်ပံ့ကြေးကို လျှောက်ထားချိန်တွင် မိမိအမှတ်ဘယ်လောက်ရရှိထားသည်ကို  ဖော်ပြနိုင်လျှင် ပညာသင်ထောက်ပံ့ကြေး ရရှိရန် ပို၍လွယ်ကူပါသည်။

③ မြန်မာတွင် EJU  စာမေးပွဲကို ၀င်ရောက်ဖြေဆိုလျှင် စာမေးပွဲကြေးမှာ ပို၍သက်သာသည်။

ဂျပန်တွင် တက္ကသိုလ်နှင့် အသက်မွေး၀မ်းကျောင်းကောလိပ်များတွင် ပညာဆက်လက်သင်ကြားရန် စဥ်းစား၍ရသောနည်းလမ်းမှာ ဂျပန်၏ ဂျပန်ဘာသာသင်ကျောင်းများသို့ ပညာတော်သင်သွားပြီးနောက် ကျောင်းဆက်တက်မည့် အချိန်တွင်   EJU စာမေးပွဲကို ၀င်ရောက်ဖြေဆိုသည်မျိုးလဲ များပြားပါသည်။ တက္ကသိုလ်နှင့် အသက်မွေး၀မ်းကျောင်းကောလိပ်များတွင် ပညာဆက်လက်သင်ကြားရန် ဆုံးဖြတ်ထားပါက မြန်မာတွင် တစ်ကြိမ်ဖြစ်စေ လေ့ကျင့်သွားရန် တိုက်တွန်းချင်ပါသည်။ ဂျပန်တွင် EJU စာမေးပွဲကို ဖြေဆိုသည့်အချိန်တွင် ဘာသာရပ် သုံးခုကို ပျှမ်းမျှ ‌‌‌‌‌‌‌ဒေါ်လာ ၁၁၀ ကျသင့်မည်ဖြစ်၍ ရန်ကုန်တွင် ဖြေဆိုမည့်အခါတွင်မူ ၁၅ ဒေါ်လာဖြင့် စာမေးပွဲကို ဖြေဆိုနိုင်ပါသည်။

④ EJU ကိုလေ့လာခြင်းဖြင့် အထွေထွေဗဟုသုတကို ကျွမ်းကျင်အောင် ပြုလုပ်နိုင်မည်။

EJU ၏ဘာသာရပ်ကို လေ့လာရာတွင် EJU စာမေးပွဲအတွက်သာမကဘဲ တက္ကသိုလ်တွင် ပညာသင်ကြားရန် လိုအပ်သော အထွေထွေဗဟုသုတ များကိုပါ လေ့လာနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဂျပန်တွင် စီမံခန့်ခွဲမှုနှင့် စီးပွားရေးကို လေ့လာချင်သည်ဟု တွေးထားပါက စီးပွားရေး ၊ သမိုင်း ၊ လက်ရှိကမ္ဘာကြီး၏အခြေအနေနှင့် ပတ်သတ်သော အခြေခံအသိပညာများ မရှိပါက တက္ကသိုလ်တွင် ပညာသင်ကြားရန်မှာ ခက်ခဲပါသည်။ တက္ကသိုလ်တွင် ပညာသင်ကြားရန်သာ မဟုတ်ဘဲ ဘွဲ့ရရှိပြီး အလုပ်လုပ်သည့် အချိန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် လုပ်ကိုင်သည့် အချိန်တွင်လည်း General Knowledge ရှိထားသောသူနှင့် မရှိထားသောသူတို့မှာ များစွာ ကွဲပြားနေမည် ဖြစ်သောကြောင့် EJU ကို ၀င်ရောက်မဖြေဆိုသော်ငြားလည်း EJU ကို လေ့လာရန် တိုက်တွန်းပါသည်။

● EJU ကို အသုံးပြုပြီး လျှောက်ထားနည်း

① ဦးစွာ EJU စာမေးပွဲကို ဖြေဆိုရန် မလျှောက်ထားမှီ မိမိသွားရောက်ချင်သော တက္ကသိုလ် , ဌာနများ၏ Website နှင့် မေးခွန်းအကြောင်းရာများကို အတည်ပြုကြည့်ရပါမည်။

② မိမိသွားရောက်ချင်သော တက္ကသိုလ် , ဌာနများ၏သတ်မှတ်ချက်များနှင့် ကိုက်ညီသော ဘာသာရပ်နှင့် ဖြေဆိုရမည့် ဘာသာရပ်များကို လျှောက်လွှာတင်ရန်။ လျှောက်ထားချိန်တွင် ပညာသင်ထောက်ပံ့ကြေး ကို လျှောက်ထားမှုကို ကြိုတင်စာရင်းသွင်းရန် သတိထားစေလိုပါသည်။

③ EJU စာမေးပွဲဖြေဆိုရန်

④ EJU ၏ရလဒ်ကို ကြည်ရှု၍ လျှောက်ထားနိုင်သည့် တက္ကသိုလ်များကို လျှောက်ထားရန်

 ၁၁လပိုင်း EJU စာမေးပွဲကိုဖြေဆိုသည့် အချိန်တွင် စာမေးပွဲမတိုင်မှီ တက္ကသိုလ်များ၏ လျှောက်ထားခြင်း စတင်သည်မှာ များပြီး ဦးစွာ EJU ၏စာမေးပွဲကိုလျှောက်ထားပြီးမှ ၀င်ရောက်ဖြေဆိုသည်မျိုးလဲ ရှိပါသည်။

EJU ကို အသုံးပြု၍ လျှောက်ထားနိုင်သော တက္ကသိုလ်၏ List များကို အောက်ပါ Website တွင် Download လုပ်နိုင်ပါသည်။

https://www.jasso.go.jp/en/ryugaku/eju/examinee/prearrival/uni_national.html

● EJU ကို အသုံးပြု၍ Scholarship ကို ကြိုတင်လျှောက်ထားခြင်း

ဦးစွာ EJU စာမေးပွဲကို လျှောက်လွှာတင်သည့်အခါ လျှောက်လွှာတင်ထားသော စာရွက်နှင့် ( ပညာသင်ထောက်ပံ့ကြေးကြိုတင်လျှောက်ထားလိုပါသလား ) ဟူ၍‌လျှောက်လွှာဖောင်တွင် အမှန်ခြစ်ရွေးချယ်ရမည့် နေရာတစ်ခုရှိပါသည်။ ဤနေရာကို သေချာစွာ ရွေးချယ်ရပါမည်။ အကယ်၍ ရွေးချယ်မှုမပြုလုပ်ခဲ့ပါက လျှောက်ထား၍ရမည် မဟုတ်သောကြောင့် သတိပြုစေလိုပါသည်။

EJU စာမေးပွဲကို ၀င်ရောက်ဖြေဆိုပြီးနောက် စာမေးပွဲရလဒ်ထက် အနည်းငယ်နောက်ကျပြီး ပညာသင်ကြိုတင်လျှောက်ထားသူထံ ရွေးချယ်ခံရပါသည်ဟူသော အသိပေးအကြောင်းကြားစာ ‌ရောက်ရှိပါမည်။ ထို့နောက် HP ဖြင့်ဖြစ်စေ ကြိုတင်လျှောက်ထားခြင်း အသိမှတ်ပြုမှုကို အတည်ပြုနိုင်ပါသည်။

ထို့အခါ ထို‌စာမေးပွဲရလဒ်ကို အခြေခံ၍ တက္ကသိုလ်ထံ လျှောက်ထားပြီး ကျောင်းဝင်ခွင့် ‌‌‌‌ရွေးချယ်မှုတွင် အောင်မြင်ပြီး ကျောင်း၀င်ခွင့် ရရှိပါမည်။ ၀င်ခွင့် ရရှိပြီးနောက် ပညာသင်ထောက်ပံ့ကြေး ကြိုတင်လျှောက်ထားမှု၏ အသိပေးစာကို တက္ကသိုလ်များထံ တင်ပြ၍ JASSO မှ ကျောင်း၀င်ခွင့် ရရှိ‌ကြောင်းကို ကြေညာပေးမည်ဖြစ်ပါသည်။

ထို့နောက် တရားဝင် ပညာသင်ထောက်ပံ့ကြေးရရှိခြင်းကို ဆုံးဖြတ် အတည်ပြုပြီး လစဥ် ပညာသင်ထောက်ပံ့ကြေးကို ဘဏ်အကောင့်သို့ လွှဲပေးမည်ဖြစ်ပါသည်။

ပညာသင်ထောက်ပံ့ကြေးနှင့် ပတ်သတ်၍ ဤ Website တွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။

https://www.jasso.go.jp/en/ryugaku/scholarship_j/shoreihi/yoyaku_eju/index.html