• ဗမာစာ
  • 日本語

Idea IT College Aso

ကျောင်းတည်နေရာ

Kumamoto ခရိုင် ဆိုတာ ဘယ်လိုနေရာမျိုးလဲ?

ဂျပန်နိုင်ငံအနောက်ဘက်ခြမ်း Kyushuဒေသ တွင် တည်ရှိပြီး Fukuoka သည် Kyushuဒေသ၏ ဒုတိယအကြီးဆုံး စီရင်စုဖြစ်သည်။ Kumamoto ရဲတိုက်၊ Aso ၊ Amakusa ကဲ့သို့‌သော ဂျပန်နိုင်ငံကို ကိုယ်စားပြုသည့် လည်ပတ်စရာနေရာများလည်း ရှိသည်။

Aso ဆိုတာဘယ်လိုနေရာမျိုးလဲ?

・ Kumamoto အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကားနဲ့ဆိုရင် မိနစ် 30ခန့်

・တောင်ကုန်းနဲ့ မြက်ခင်းပြင်တွေကလည်း သာယာလှပသည်။ ဒီအချက်က ဂျပန်ရဲ့ အထင်ကရ ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်သည်။

・ ဟင်းသီးဟင်းရွက်နှင့် တိုက်ခန်းငှားခလည်း ဈေးသက်သာပါသည်။

・ ဒေသခံတွေက ကြင်နာတတ်ပြီး ပြဿနာတစ်ခုခုရှိလာရင်လည်း အကူအညီပေးတက်ကြသည်။

・ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်တွင် တည်ရှိသည့် အတွက် သင်၏လေ့လာမှုများကိုလည်း အာရုံစိုက်နိုင်သည်။

ကျောင်းနှင့် ပတ်သက်သော အကြောင်းအရာများ

Idea IT College Aso (IICA) ကျောင်းတွင် IT , ခရီးသွားလုပ်ငန်း တို့နှင့် သက်ဆိုင်သည့် ဘာသာရပ်များကို အဓိကထား၍ သင်ကြားပေးလျက်ရှိသည်။ သည့်အပြင် ကျောင်းသားများကို ဂျပန်ပြည်တွင်း တွင်သာမက နိုင်ငံတကာကျောင်းသားများနှင့်အတူ ပူးတွဲပညာသင်ယူစေခြင်းအားဖြင့် သူတို့ရဲ့မတူကွဲပြားသော ဓလေ့ထုံးစံ ၊ အသိအမြင်များကို သိမြင်လာနိုင်မည်ဖြစ်သည်။

၁) သင်ကြားမှုပုံစံ (စိတ်ကြိုက်ပညာရေး)

ကုမ္မဏီများမှ ၎င်းတို့၏ ဝန်ထမ်းများအနေဖြင့် လိုအပ်သော ကျွမ်းကျင်မှု နှင့် အရည်အချင်းများကို ဆွေးနွေးညှိနှိုင်း၍ ၎င်းလိုအပ်ချက်များနှင့် ကိုက်ညီသည့် ပညာရေးဆိုင်ရာ သင်ရိုးများဖြင့် အထူးပြုအင်ဂျင်နီယာများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ကုမ္မဏီများနှင့်  နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူ့ဘောင် အဖွဲ့အစည်းတွင် ချက်ချင်းထိရောက်စွာ စွမ်းဆောင်နိုင်သော လူသားရင်းမြစ်များကို ပြုစုပျိုးထောင်ပေးသည်။

၂) လက်တွေ့ကွင်းဆင်းလေ့လာခြင်း

စိုက်ပျိုးရေး x အိုင်တီ နှင့် ခရီးသွားလုပ်ငန်း x အိုင်တီ ကဲ့သို့သော ASO ရဲ့ ပတ်ဝန်းကျင်ကို အသုံးချ၍ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများနှင့် စစ်တမ်းများပြုလုပ်သည်။ သင်ယူပြီးမြောက်သည်များကို လက်တွေ့မှာ ပြန်လည်အသုံးချခြင်းဖြင့် သင့်ကိုယ်ပိုင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ တိုးတက်လာမည်ဖြစ်သည်။

၃) နိုင်ငံသား၊အသက်အရွယ်ကို မခွဲခြားပဲ သင်ယူနိုင်မည့် Peer learning

ကျောင်းတွင် ပြည်တွင်းရှိဂျပန်ကျောင်းသားများ နှင့် နိုင်ငံတကာမှာကျောင်းသားများကို ပူးပေါင်းပညာပေးလျက် လူမျိုးပေါင်းစုံ၊ အသက်အရွယ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုမတူကွဲပြားသော ကျောင်းသားများကို အတူတကွ သင်ယူစေနိုင်သည့် “peer learning”ကို မိတ်ဆက်ပေးခဲ့သည်။

၄) တစ်ဦးချင်းစီ သေချာ ပံ့ပိုးပေးမှုများရရှိနိုင်ခြင်း

အတန်း ၁ ခုတွင် အများဆုံး ကျောင်းသား အယောက် ၄၀သာရှိပြီး သင်တန်းပို့ချသူများ ၊ ကုမ္မဏီများ၊ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ထားခြင်းကြောင့် တစ်ဦးချင်းပံ့ပိုးကူညီမှုကို အားကောင်းစေသည်။ကျောင်းသားဘဝ နေထိုင်မှု ပတ်ဝန်းကျင်အပြင် အချိန်ပိုင်း အလုပ်များမိတ်ဆက်ခြင်း အပါအဝင် career လမ်းကြောင်းအတွက် ပံ့ပိုးပေးမှုစနစ်များလည်း ရှိသည်။

သင်ယူနိုင်မည့် ဘာသာရပ်

IT Solution Subjects

[ကာလ – 2 year course ၊ လက်ခံမည့်ဦးရေ- 40ဦး]

အိုင်တီပညာရပ်ကို အခြေခံကနေစလို့ သင်ယူပြီး နောင်အနာဂတ်တွင် အရေးကြီးသည့် အိုင်တီ ပညာရပ် (Programming, System, AI, Security) များကို စီမံခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း၊ လက်တွေ့အသုံးပြုခြင်း စသည်တို့ကိုစွမ်းဆောင်နိုင်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးသည်။

Curriculum (Example)

  • Web programming
  • Cyber Security programming
  • AI. Data Analysis Foundation
  • Contents Engineering
  • Web System
  • Cloud Engineering
  • Development Practice

Study Programming Language (Example)

HTML, CSS, JavaScript, Python, SQL , etc.

Global IT Business Subjects

[ကာလ – 2 year course ၊ လက်ခံမည့်ဦးရေ- 30ဦး]

IT(SNS, App, Data) ကို လက်တွေ့အသုံးချ၊ အင်္ဂလိပ်စာ နှင့် နိုင်ငံတကာအသိအမြင်တို့ကို လက်နက်အနေနဲ့ အသုံးပြုပြီး Marketing နှင့် ခရီးသွား service ရဲ့ နယ်ပယ်မှာ အစွမ်းပြနိုင်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိသည်။

Curriculum (Example)

  • Tourism Marketing
  • Digital Marketing
  • Inbound Marketing
  • Kurokawa Onsen Special Fieldwork
  • Tour guide introduction
  • EC Basics and practice
  • PR practice
  • Hotel Hospitality
  • Global English & Etiquette
  • Business English
  • Presentation

Common Course

• Japanese Language • Business Manner • Communication • Business Practical (Job Hunting)

• Agriculture. Tourism Foundation Knowledge • IT Foundation Knowledge • ASO x DX • Internship

ကျောင်းလခ

FeesIT Solution Course. Global IT Business Course
1 year2 year
Entrance Fee100,000
 Tuition Fee700,000700,000
Teaching materials . tools Fee (PC, Textbook etc.)200,000200,000
Special Scholarship-200,000
International Student Scholarship-150,000-150,000
Total650,000750,000