• ဗမာစာ
  • 日本語

OISCA Hamamatsu Kokusai High School

ကျောင်းတည်နေရာနှင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များ

OISCA Hamamatsu Kokusai အထက်တန်းကျောင်းသည် ဂျပန်နိုင်ငံ၊ Hamamatsu City ရှိ သဘာဝတရားကြွယ်ဝတဲ့ Hamana-ko ရေကန် နားတွင်ရှိပါသည်။ (Hamamatsu City သည် Tokyo နှင့် Nagoya အကြားတွင်တည်ရှိပြီး Nagoya မှ မိနစ် 40 နှင့် Shinkansen မှ Tokyo သို့ မိနစ် 90 ခန့်ကြာပါသည်။) အနီးဆုံးလေဆိပ်မှာ Chubu International Airport ဖြစ်ပါသည်။ လေဆိပ်ကနေ အဝေးပြေးဘတ်စ်ကားနဲ့ ကျောင်းကိုရောက်ဖို့ မိနစ် 90 နီးပါးကြာပါသည်။

ကျောင်းသည် ဂျပန်နိုင်ငံ၏ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားသော ကျောင်းဖြစ်သည်။ ကျောင်းသားအများစုသည် ဘွဲ့ရပြီးနောက် တက္ကသိုလ်များသို့ ဆက်တက်ကြသည်။ နိုင်ငံတကာမှ ကျောင်းသားများသည် ဂျပန်တက္ကသိုလ်များသို့ ဝင်ရောက်ခြင်း သို့မဟုတ် တက္ကသိုလ်များတက်ရန် ရည်ရွယ်၍ ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်သွားကြသည်။ OISCA အထက်တန်းကျောင်းမှ ကျောင်းသားများသည် ၎င်းတို့၏အိပ်မက်များကို အမှန်တကယ်အကောင်အထည်ဖော်နိုင်သောကြောင့် ၎င်းတို့၏ပညာရေးစွမ်းရည်များသာမက “ လူ့စွမ်းအား” ကိုလည်း မြှင့်တင်နိုင်ပါသည်။

လူ့ဘောင်လောကမှာ ကြံ့ခိုင်ထက်မြတ်သော လူသားတယောက်အဖြစ် လေ့ကျင့်ပေးလျက်ရှိပြီး မိမိကိုယ်ပိုင် ရည်မှန်းချက်ထားရှိရင်း အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် ခွန်အားများရရှိရန် အတွက် ပညာရေးစွမ်းရည်နှင့် လူသားစွမ်းရည်များကိုပါ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ကျောင်းသားဦးရေသည် စုစုပေါင်း အယောက် ၄၅၀ခန့်ရှိပြီး ကျောင်းသားဦးရေ မများခြင်းကလည်း အားသာချက်အနေနဲ့ ဆိုပါလျင် ကျောင်းသားတစ်ဦးစီကို သေသေချာချာ စောင့်ရှောက်သင်ကြားပေးနိုင်ပါသည်။

နိုင်ငံတကာမှကျောင်းသား များကို လက်ခံ သင်ကြားပေးလျက်ရှိသည်မှာလည်း ၂၂နှစ်ကြာ ရှိပြီးဖြစ်သည်။ ၂၀၂၃ခုနှစ် ၄လပိုင်း ကျောင်းလျှောက်ထားသူများအထဲတွင် နိုင်ငံတကာမှ ကျောင်းသားဦးရေ အယောက် ၄၀ခန့်ရှိပါသည်။ ၎င်းကျောင်းသားများသည် Thailand, Malaysia, Vietnam, Hong Kong, Korea, and Taiwan စသည့် အမျိုးမျိုးသော နိုင်ငံများမှလာရောက်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံတကာမှ ကျောင်းသားများအနေနဲ့ ဂျပန်နိုင်ငံသားကျောင်းသားများနှင့် အတူတူ ပညာသင်ကြားနိုင်ပြီး အဆောင်နေသည့် ကာလများတွင်လည်း  ယဉ်ကျေးမှု ဓလေ့များကိုလည်း အပြန်အလှန်လဲလှယ် သိမြင်နိုင်မည်ဖြစ်သည်။

အတန်းနှင့် ဘာသာရပ်များ

ပညာသင်နှစ်မှာ ၃နှစ် သင်ကြားရမည်ဖြစ်ပြီး ဂျပန်စာ စွမ်းရည်လိုအပ်သူများအတွက်လည်း အတန်းရှိပါသည်။

ကျောင်းလျှောက်ထား စာရင်းသွင်းချိန်တွင် ဂျပန်စာကို ကောင်းစွာနားမလည်ပါက လည်း စိုးရိမ်စရာမလိုပါဘူး။ အတွေ့အကြုံမရှိသေးသူများအတွက် အထူးသီးသန့် ဂျပန်စာသင်ခန်းများကို သင်ကြားပေးလျက်ရှိပါသည်။ OISCA တွင် ပြင်းပြင်းထန်ထန်လေ့လာပါက ဂျပန်စွမ်းရည်တိုးတက်မှုကို အချိန်တိုအတွင်း မျှော်လင့်နိုင်ပါသည်။ (ကျောင်းသားအများစုသည် ဂျပန်ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲတွင် “N2” ကိုအောင်မြင်ခဲ့ကြသည်။)

OISCA Hamamatsu Kokusai အထက်တန်းကျောင်းသည် ဂျပန်နိုင်ငံ၏ သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည့် အထက်တန်းကျောင်းဖြစ်သည်။ ပထမနှစ် ကျောင်းသားများသည် ၎င်းတို့၏ လေ့လာမှု၏ အခြေခံ အုတ်မြစ်ကို စတင်သင်ယူကြရသည်။ ဒုတိယနှစ်မှစတင်၍ ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့၏ တစ်ဦးချင်း ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ဘာသာရပ် ၃ ခု (International Culture Course, Special preparatory course,  Global Career Course ) ခွဲခြားထားပြီး ဂျပန်နိုင်ငံအပါအဝင် အခြားပြည်ပ နိုင်ငံများရှိ တက္ကသိုလ်များသို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်။ Global Career Course သည် တက္ကသိုလ်ဝင်ခွင့်၊ အသက်မွေးဝမ်းကျောင်းကျောင်းများနှင့် အလုပ်အကိုင်အပါအဝင် ရွေးချယ်စရာများစွာရရှိနိုင်ရန် ဖြစ်ပါသည်။

1st Semester [April ~ July]

Summer Vacation – End of July ~ End of August

2nd Semester [September ~ December]

Winter Vacation End of December ~ First of January/ about 2 weeks

3rd Semester [January ~ March]

Spring Vacation End of March ~ First of April / about 3 weeks

ကျောင်းလျှောက်ထားခြင်း နည်းလမ်းများ

လျှောက်ထားသည့်အခါ ကျောင်းမှ သတ်မှတ်ထားသော Application form ကို ဖြည့်စွက်ရမည်။

နိုဝင်ဘာလတွင် ဝင်ခွင့်စာမေးပွဲအနေဖြင့် သင်္ချာဘာသာရပ်ကို ရေးဖြေ နှင့် အင်္ဂလိပ်စာအတွက် ရေးဖြေကော နှုတ်ဖြေနဲ့ပါ ဖြေဆိုရမည်ဖြစ်သည်။

ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသည့်အခါ ကျောင်းလျှောက်ထားနိုင်သည့်ကာလ နောက်ဆုံးသတ်မှတ်ရက်ရဲ့ တစ်လမတိုင်ခင် အထိ ကျောင်းသား၏  အချက်အလက်များ (ဥပမာ – ဓာတ်ပုံ၊ passport) နှင့် ငွေကြေးထောက်ပံ့မည့်သူ၏ အချက်အလက်များ (ဥပမာ- အလုပ်အကိုင်၊  ဘဏ်စာအုပ်၊ ဝင်ငွေနှင့်ပတ်သက်သည့် အထောက်အထား)ကို တင်ပြပေးပို့ရမည်။

ဖေဖော်ဝါရီလ၏ အစောပိုင်းတွင် ကျောင်းမှစဆင့် Nagoya Immigration သို့ Certificate of Eligibility (COE) ကိုလျှောက်ထားမည်ဖြစ်သည်။ အချိန်မှာခန့်မှန်းချေ ၃ပတ်ခန့် ကြာမြင့်နိုင်ပါသည်။ Certificate of Eligibility (COE)ကို ကျောင်းမှ ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်သည်။

ကျောင်းလခနှင့် အဆောင်ခတို့ကို ပေးချေပြီးနောက်မှာ Certificate of Eligibility (COE) နှင့် ကျောင်းဝင်ခွင့် လက်မှတ် စာရွက်စာတန်းများကို ပေးအပ်သွားမည်ဖြစ်ပါသည်။ ကျောင်းလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို J Compassသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။