• ဗမာစာ
  • 日本語

BJT

What is BJT ?

BJTဆိုသည်မှာ(Business Japanese Test) ရုံးလုပ်ငန်းသုံးဂျပန်စာအရည်ချင်းစစ်စာမေးပွဲဖြစ်ပြီးစီးပွားရေး နယ်ပါယ်များတွင်အသုံးပြုရန်လိုအပ်သောလူမှုဆက်ဆံရေးဂျပန်စာအရည်ချင်းကိုစစ်ဆေးသောစာမေးပွဲတစ်ခုဖြစ်ပါသည်။
စကားပြောအရည်ချင်းတစ်ခုသာမဟုတ်ပဲလုပ်ငန်းသုံး Mail, Fax, Graph များတွင်အသုံးပြုသောဂျပန်စာကို နားလည်မှုစွမ်းရည်၊ အခြေအနေအရပ်ရပ်တို့တွင်ဖြေရှင်းနိုင်မှုစွမ်းရည်တို့ကိုပါတိုင်းတာနိုင်သောစာမေးပွဲဖြစ်သည်။
ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ၊ ဂျပန်ကုမ္မဏီအလုပ် Interview များတွင်လည်း Standard တစ်ခုအဖြစ် BJT စာမေးပွဲရလဒ်ကိုအသုံးပြုနေပြီဖြစ်ပါသည်။

Level နှင့်အမှတ်ပေးစနစ်

BJT စာမေးပွဲတွင်အမှတ်ပြည့် 800 Marks သတ်မှတ်ထားပြီး၊ Level ကို J5,J4,J3,J2,J1,J1+ ဟူ၍ခွဲခြားထားပါသည်။

J1+ရမှတ် 600~800မည်သည့်လုပ်ငန်းအခြေအနေမျိုးတွင်မဆိုဂျပန်ဘာသာနှင့်ပတ်သက်၍ အပြည့်အဝ Communication ယူနိုင်သူ
J1ရမှတ် 530~599ကျယ်ပြန့်သောလုပ်ငန်းနယ်ပါယ်များတွင်ဂျပန်ဘာသာနှင့်ပတ်သက်၍သင့်တင့်မှန်ကန်သော Communication ယူနိုင်သူ
J2ရမှတ် 420~529သတ်မှတ်လုပ်ငန်းနယ်ပါယ်များတွင်ဂျပန်ဘာသာနှင့်ပတ်သက်၍သင့်တင့်မှန်ကန်သော Communication ယူနိုင်သူ
J3ရမှတ် 320~419သတ်မှတ်လုပ်ငန်းနယ်ပါယ်များတွင်ဂျပန်ဘာသာနှင့်ပတ်သက်၍အတိုင်းတာတစ်ခုအထိ Communication ယူနိုင်သူ
J4ရမှတ် 200~319သတ်မှတ်လုပ်ငန်းနယ်ပါယ်များတွင်ဂျပန်ဘာသာနှင့်ပတ်သက်၍အနိမ့်ဆုံးအဆင့် Communication ယူနိုင်သူ
J5ရမှတ် 0~199လုပ်ငန်းသုံးဂျပန်စာ Communication အရည်အချင်းလုံးဝနီးပါးမရှိသူ

စာမေးပွဲမေးခွန်းပုံစံမှာ မေးခွန်း (၄) ခုတွင်အဖြေမှန် (၁) ခုရွေးချယ်ရသောပုံစံဖြစ်ပြီး၊ အမှတ်ပေးစနစ်မှာမူအဖြေမှန်တစ်ခုလျှင် (၁) မှတ်စီပေးတွက်ချက်ပေးသောစနစ်မဟုတ်ပဲ။
မေးခွန်း၏အခက်အလွယ်အပေါ်မူတည်၍ပေးမှတ်ကွဲပြားသောနည်းလမ်းဖြစ်တွက်ချက်အမှတ်ပေးပါသည်။
ထို့ကြောင့်မိမိ၏ဂျပန်စာအရည်ချင်းအသေးစိတ်ကိုမှန်ကန်တိကျစွာတိုင်းတာနိုင်ပါသည်။

မေးခွန်းပုံစံနှင့်ဖြေဆိုချိန်
ဖြေဆိုချိန်မေးခွန်းအရေအတွက်
Listening(ab) 45 min25Q
Listen-Reading(ab) 30 min25Q
Reading30 min30Q

ဖြေဆိုချိန်စုစုပေါင်း (၂) နာရီခန့်ဖြစ်ပြီးမေးခွန်းစုစုပေါင်း (၈၀) ခန့်ဖြေဆိုရပါသည်။

ဖြေဆိုပုံနည်းလမ်းနှင့်ကျင်းပသည့်နေရာ

BJT စာမေးပွဲတွင် CBT (Computer Based Testing) ဟုခေါ်သော Test Center တွင် Computer ကိုအသုံးပြု၍ဖြေဆိုရသောစာမေးပွဲပုံစံကိုအသုံးပြုပါသည်။ ဖြေဆိုသူသည်တစ်ဦးချင်းအတွက်သီးသန့်စီစဉ်ပေးထားသော Boost တွင် Computer Screen ၌ဖော်ပြသောမေးခွန်းနှင့် Head Phone တွင်လာသောမေးခွန်းတို့ကို Screen ၌ပင်ဖြေဆိုရပါသည်။
ထို့ကြောင့်မိမိအဆင်ပြေသောအချိန်ကိုညှိနိုင်း၍စာမေးပွဲလျှောက်ထားဖြေဆိုနိုင်ပါသည်။ ထို့ပြင်စာမေးပွဲရလဒ်ကိုလည်းဖြေဆိုပြီးချက်ချင်းပင်ထုတ်ယူနိုင်ပါသည်။ တစ်ဦးခြင်း၊ အဖွဲ့လိုက်ဖြေဆိုချင်သူများအတွက်လည်းအဆင်ပြေပါသည်။

ဖြေဆိုခွင့်လျှောက်ထားခြင်း

မြန်မာနိုင်ငံတွင် BJT စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများအောက်ပါလိပ်စာတွင်လက်ခံဆောင်ရွက်ပေးနေပါသည်။

Azure Intercultural Japanese Language School(AzureNet Co., Ltd.)

Address – Bldg.5, 2nd Floor, Room6, Myanmar Info-Tech Park, Universities Hlaing Campus, Hlaing Township, Yangon
Mail – [email protected]
Tel – 09-963-344598, 09-261-961361