• ဗမာစာ
  • 日本語

တက္ကသိုလ်၊ကာလတိုတက္ကသိုလ်များသို့ပညာသင်သွားရောက်ရန်လိုအပ်ချက်များ

တက္ကသိုလ်၊ကာလတိုတက္ကသိုလ်များသို့ပညာသင်သွားရောက်ရန်လိုအပ်ချက်များ

  • အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး ပညာသင်နှစ်စုစုပေါင်း (၁၂)နှစ်သင်ယူပြီးမြှောက်ထားရမည်။
    *မြန်မာနိုင်ငံတွင် ၂၀၁၆ခုနှစ်မှစပြီး ပညာရေးစနစ်ပြောင်းလဲထားခြင်းကြောင့် အထက်တန်းအထိစုစုပေါင်းပညာသင်နှစ် (၁၁)နှစ်ဖြင့်လျှောက်ထားနိုင်သော တက္ကသိုလ်များလည်းရှိပါသည်။ ပုံမှန်အားဖြင့် အသက်(၁၈)နှစ်ကန့်သတ်ထားသော်လည်း (၁၇)နှစ်ကျော်လျှင်လျှောက်ထားနိင်သော ကျောင်းများလည်းရှိပါသည်။
  • ထို့ပြင် နောက်ထပ်နည်းလမ်းတစ်ခုမှာ ပညာသင်နှစ်(၁၂)နှစ်မပြည့်သော်လည်း ဂျပန်ပညာရေးဝန်ကြီးဌာနမှချမှတ်ထားသော တက္ကသိုလ်ဝင်ခွင့်အကြိုသင်တန်းကျောင်းတွင် ၁နှစ်တက်ရောက်ထားပါက ကျောင်းဝင်ခွင့်အတွက်အသိမှတ်ပြုပါသည်။
  • ဂျပန်ပညာသင်သွားရန်အတွက် လိုအပ်သောဂျပန်စာအရည်အချင်းမှာ JLPT.N1,N2 သို့ EJU စာမေးပွဲတွင် ဂျပန်စာဘာသာအမှတ်၂၀၀ ကျော်ရထားရန်လိုအပ်ပါသည်။
  • Baccalaureate, Abitur စသည့် အရည်ချင်းအသိမှတ်ပြုလက်မှတ်များရှိပါက၊ အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်လျှင်ကျောင်းဝင်ခွင့်လက်ခံပါသည်။
ကျောင်းဝင်ခွင့်လက်ခံချိန်ကာလ

ပုံမှန်အားဖြင့် ဂျပန်တက္ကသိုလ်များသည် (၃)လပိုင်းအကုန် (၄)လပိုင်းအစတွင်ကျောင်းဝင်ခွင့်လက်ခံကြပြီး (၉)လပိုင်း (၁၀)လပိုင်းတွင်လက်ခံသောကျောင်းများလည်းရှိသည်။ ရက်ရှည်ပိတ်ရက်များမှာ (၇)လပိုင်းအကုန်မှ (၈)လပိုင်းအကုန်ထိ(နွေရာသီပိတ်ရက်)၊ (၁၂)လပိုင်းအကုန်မှ (၁)လပိုင်း(နှစ်သစ်ကူးပိတ်ရက်)နှင့် (၂)လပိုင်းအကုန်မှ (၄)လပိုင်းအစထိ တစ်နှစ်လျှင် (၃)ကြိမ်ရှိပါသည်။

မြန်မာနိုင်ငံမှဂျပန်ရှိ တက္ကသိုလ်၊ကာလတိုတက္ကသိုလ်များသို့ပညာသင်သွားရောက်ရန်အတွက်
( EJU စာမေးပွဲကိုဖြေဆို၍ပညာသင်သွားရောက်ခြင်းနည်းလမ်း )

ယခုလက်ရှိဂျပန်ရှိတက္ကသိုလ်တစ်ဝက်ကျော်ခန့်သည် EJU အောင်လက်မှတ်ဖြင့် ကျောင်းလျှောက်လက်ခံပေးလျှက်ရှိသည်။

ယခုနောက်ပိုင်းတက္ကသိုလ်ပေါ်မူတည်၍
၁။ EJU စာမေးပွဲအောင်လက်မှတ်၊ Interview၊ စာရွက်စာတန်းစစ်ဆေးခြင်းအချက် (၃)ခုဖြင့်ကျောင်းဝင်ခွင့်လက်ခံသောတက္ကသိုလ်များ
၂။ EJUစာမေးပွဲနှင့်တူညီသော သီးသန့်စာမေးပွဲကျင်းပပေးပြီး၊ အချက်အလက်စစ်ဆေး၍ လက်ခံသောတက္ကသိုလ်များလည်း တိုးပွားလာလျက်ရှိသည်။

အချက်(၁)ပုံစံတက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်လျှောက်ထားလိုပါက ဂျပန်အထိသွားရောက်ပြီးစာမေးပွဲဖြေဆိုရန်မလိုတော့ပါ။ မြန်မာတွင်နေထိုင်ရင်းဖြင့် EJU စာမေးပွဲကိုဖြေဆို၍ လျှောက်လွှာတင်နိုင်ပါသည်။ EJUစာမေးပွဲကိုဖြေဆိုနိုင်ရန်အတွက် ဂျပန်စာအရည်အချင်းအနည်းဆုံး N3 အောင် N2 အဆင့်ရှိရန်လိုအပ်ပါသည်။ ထို့ကြောင့် ဂျပန်တက္ကသိုလ်မှဘွဲ့ရရန်အဓိကရည်ရွယ်ချက်ရှိသူများ ဂျပန်တွင်ဂျပန်စာကျောင်းကို တဆင့်မခံဘဲတက္ကသိုလ်သို့တိုက်ရိုက်သွားရောက်ပါက ဂျပန်စာကျောင်းအတွက်ကျောင်းလခစရိတ် သက်သာလျော့ကျသွားပါမည်။ ထို့သို့သွားရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင်ဂျပန်စာနင့်ဂျပန်ဓလေ့ထုံးစံများကို သေသေချာချာလေ့လာသွားရန်လိုအပ်ပါသည်။

ထို့အတွက်ကျွန်တော်တို့ J-Compass ကျောင်းတွင် ဂျပန်လူမျိုးဆရာဂျပန်ပညာတော်သင်ပြန်မြန်မာဆရာများဖြင့် ဂျပန်စာ၊ယဉ်ကျေးမှုဓလေ့နှင့် EJU Exam Practice သင်တန်းများကိုစနစ်တကျသင်ကြားပေးပြီး ဂျပန်ပညာသင်လမ်းညွှန်ဆွေးနွေးမှုများကို ဆောင်ရွက်ပေးနေပါသည်။


( English အရည်အချင်းဖြင့်ကျောင်းလျှောက်နိုင်သောနည်းလမ်း )

အချို့ဂျပန်တက္ကသိုလ်များတွင် English စာအရည်အချင်းမြင့်သူများအတွက် စာရွက်စာတန်းအချက်အလက်စစ်ဆေးခြင်း၁ခုတည်းဖြင့် ကျောင်းလက်ခံပေးသောနေရာများလည်းရှိသည်။ English level မှာ အနည်းဆုံး IELTS -5.5 သို့ TOEFL-500 ရှိထားလျှင် လျှောက်ထားကြည့်နိုင်ပါသည်။
သို့ပေမယ့် တက္ကသိုလ်ဝင်ခွင့်ရသော်လည်း ဂျပန်တွင်နေထိုင်ဖြတ်သန်းဖို့ရန်အတွက် ဂျပန်စာစကားမှာမရှိမဖြစ်လိုအပ်သောကြောင့် တစ်ဖက်တွင် ဂျပန်စာကိုကျွမ်းကျင်အောင်လေ့လာထားရန် တိုက်တွန်းပါသည်။


( ဂျပန်ရှိဂျပန်စာသင်ကျောင်းတွင်တက်ရောက်ပြီးတက္ကသိုလ်ကောလိပ်များသို့ဆက်လက်တက်ရောက်သောနည်းလမ်း )

ယခုလက်ရှိ ဂျပန်တွင်ရှိသောမြန်မာကျောင်းသားအများစုမှ ာဂျပန်ကျောင်း၂နှစ်တက်၍ တက္ကသိုလ်ကောလိပ်ဆက်တက်သောနည်းလမ်းကို အသုံးပြုကြသည်။ ထိုနည်းမှာ ဂျပန်တွင်တက္ကသိုလ်မတက်ရောက်ခင်ဂျပန်စာကျွမ်းကျင်မှုနှင့်ပတ်ဝန်းကျင်အသားကျအောင်အချိန်ယူပြင်ဆင်နိုင်ခြင်း၊ ဂျပန်၏သတင်းအချက်အလက်များကိုစုဆောင်းနိုင်ခြင်း စသည်အားသာချက်များရှိပေမယ့်လည်း တစ်ဘက်တွင် ဂျပန်စာကျောင်းအတွက် ကျောင်းလခပိုမိုကုန်ကျခြင်းစသည့်အားနည်းချက်များလည်းရှိပါသည်။


( ကာလတိုပညာသင်သွားခြင်းနှင့်ကူးပြောင်းပညာတော်သင်သွားခြင်း )

ဂျပန်တွင် တက္ကသိုလ်အလိုက် ကာလတိုပညာသင်စနစ်နှင့် ကူးပြောင်းပညာတော်သင်စနစ်များရှိသောကျောင်းများရှိသည်။ကျောင်းပေါ်မူတည်၍ တက်ရောက်ရန်ကြာချိန်နှင့် လျှောက်ရန်လိုအပ်ချက်များကွဲပြားသည်။အသေးစိတ်သိလိုပါက မိမိသွားရောက်ချင်သည့်တက္ကသိုလ်(သို့) ဂျပန်ရှိနိုင်ငံခြားပညာသင်ကျောင်းသားသတင်းအချက်လက် CENTER တွင်တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။