• ဗမာစာ
  • 日本語

NAT Test

What is NAT Test ?

NAT-TEST ဆိုသည်မှာဂျပန်နိုင်ငံရှိပညာရေးအဖွဲ့စည်းဖြစ်သော SENMON KYOIKUSHUPPAN မှ ဦးစီးကျင်းပသောဂျပန်စာအရည်ချင်းစစ်စာမေးပွဲတစ်ခုဖြစ်ပြီး JLPT ကဲ့သို့ပင်ဂျပန်စာမိခင်ဘာသာမဟုတ်သော နိုင်ငံခြားသားများအတွက် ဂျပန်ဘာသာအရည်ချင်းအသိမှတ်ပြုနိုင်ရန် ကျင်းပပေးသောစာမေးပွဲဖြစ်သည်။

LEVEL အလိုက်အရည်အချင်းခန့်မှန်းတိုင်းတာချက်

JLPT ကဲ့သို့ပင် N5~N1 ဟူ၍ LEVEL (၅)ခုခွဲခြားသတ်မှတ်ထားပါသည်။

N1ဂျပန်စာကိုစတင်လေ့လာချိန်မှစ၍(၁)နှစ်ခန့်(သင်ယူလေ့လာချိန်နာရီ၁၀၀၀)ခန့်လေ့လာသင်ယူပြီး သူများရောက်ရှိနိုင်သော LEVEL အဆင့်မြင့်လေ့လာသူများနှင့်ဂျပန်ရှိတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့ လွန်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်သူ၊ JLPT N1 အဆင့်ဖြေဆိုရန်ရည်ရွယ်ထားသူများ။
N2ဂျပန်စာကိုစတင်လေ့လာချိန်မှစ၍(၉)လခန့်(သင်ယူလေ့လာချိန်နာရီ၈၀၀)ခန့်လေ့လာသင်ယူပြီးသူများရောက်ရှိနိုင်သော LEVEL ၊ဂျပန်ရှိတက္ကသိုလ်၊ နည်းပညာကောလိပ်များသို့တက်ရောက်ရန်ကြိုးစားနေသူများ၊၊ JLPT N2 အဆင့်ဖြေဆိုရန်ရည်ရွယ်ထားသူများ။
N3ဂျပန်စာကိုစတင်လေ့လာချိန်မှစ၍(၆)လအထက်(၉)လအတွင်း(သင်ယူလေ့လာချိန်နာရီ၆၀၀)ခန့် လေ့လာသင်ယူပြီးသူများရောက်ရှိနိုင်သော LEVEL ၊ဂျပန်ရှိတက္ကသိုလ်၊နည်းပညာကောလိပ်ဝင်ခွင် စာမေးပွဲကိုဖြေဆိုရန်ကြိုးစားနေသူများ၊ JLPT N3 အဆင့်ဖြေဆိုရန်ရည်ရွယ်ထားသူများ။
N4ဂျပန်စာကိုစတင်လေ့လာချိန်မှစ၍(၃)လမအထက်(၆)လအတွင်း(သင်ယူလေ့လာချိန်နာရီ၄၀၀)ခန့် လေ့လာသင်ယူပြီးသူများရောက်ရှိနိုင်သော LEVEL ၊ JLPT N4 အဆင့်ဖြေဆိုရန်ရည်ရွယ်ထားသူများ။
N5ဂျပန်စာကိုစတင်လေ့လာချိန်မှစ၍(1)လအထက်(၃)လအတွင်း(သင်ယူလေ့လာချိန်နာရီ၂၀၀)ခန့် လေ့လာသင်ယူပြီးသူများရောက်ရှိနိုင်သော LEVEL, JLPT N5 အဆင့်ဖြေဆိုရန်ရည်ရွယ်ထားသူများ။
စာမေးပွဲဖြေဆိုချိန်၊ဖြေဆိုရသောအပိုင်းကဏ္ဍ၊အမှတ်ပေးစနစ်

LEVEL N1, N2

  အပိုင်းကဏ္ဍ ဖြေဆိုချိန် ပေးမှတ်
N1 Vocabulary,Grammer,Reading 110 minutes 120
Listening 60 minutes 60
Total 170 minutes 180
N2 Vocabulary,Grammer,Reading 105 minutes 120
Listening 50 minutes 60
Total 155 minutes 180

LEVEL N3, N4, N5

  အပိုင်းကဏ္ဍ ဖြေဆိုချိန် ပေးမှတ်
N3 Vocabulary 30 minutes 120
Grammer,Reading 70 minutes 60
Listening 40 minutes 60
Total 140 minutes 180
N4 Vocabulary 30 minutes 120
Grammer,Reading 60 minutes 60
Listening 30 minutes 60
Total 125 minutes 180
N5 Vocabulary 25 minutes 120
Grammer,Reading 50 minutes 60
Listening 30 minutes 60
Total 105 minutes 180

NAT TESTစာမေးပွဲအောင်မှတ်စံနုန်းမှာစုစုပေါင်းရမှတ်သည်သတ်မှတ်အောင်မှတ်ထက်ကျော်ရမည့် အပြင်ကဏ္ဍတစ်ခုခြင်းစီအလိုက်ရမှတ်၂၅%ရာခိုင်နုန်းကျော်မှသာအောင်မြင်မည်ဖြစ်သည်။
အမှတ်ပေးစနစ်မှာအဖြေမှန်အပုဒ်အရေတွက်ပေါ်မူတည်တွက်ချက်၍အမှတ်ပေးခြင်းစနစ်ဖြစ်သည်။

စာမေးပွဲကျင်းပသောအချိန်

မြန်မာနိုင်ငံတွင် (2,4,6,8,10,12) လပိုင်းများတွင်တစ်နှစ် (6) ကြိမ်ကျင်းပပြုလုပ်ပေးပါသည်။
သို့သော်လည်း N1,N2 မှာ (2,6,10) လများတွင်ကျင်းပသောစာမေးပွဲ (၃) ကြိမ်တွင်သာဖြေဆိုနိုင်သည်။

ဖြေဆိုခွင့်လျှောက်ထား
Yangon: SKY HOME

Address – No(B/11), Ground Floor, Anawrahtar Housing,Yangon-Insein Road, Kamaryut Township,Yangon.
Tel – 01-514418, 01-535626, 09-5048520, 09-73100965, 09-43122140

Mandalay: Jishugakkan Mandalay Japanese Centerem (JMJC)

Address -71 street, 27×28 Between, MCC Computer Center, Chan Aye Thar Zan Township, Mandalay
Tel – 02-31858