• ဗမာစာ
  • 日本語

J-TEST

What is J-TEST ?

J-Test ဆိုသည်မှာ ၁၉၉၁ ခုနှစ်မှ စတင်ပြီးကျင်းပသော ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် နိုဝင်ဘာလ မှ စတင်ကာ တစ်နှစ်လျှင် (၆) ကြိမ် ကျင်းပပေးလျှက်ရှိပါသည်။ ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေး (Japan Immigration) မှ အသိအမှတ်ပြုထားသော စာမေးပွဲဖြစ်ပါသည်။ ဂျပန်စာ လေ့လာသင်ကြားနေသော (non-native speaker) များအတွက် ရည်ရွယ်ပြီး ဂျပန်စာကိုလေ့လာသင်ယူပြီး ဂျပန်ကုမ္ပဏီများတွင် အလုပ်ဝင်ရန်ရည်ရွယ်ထားသူများ ၊ ဂျပန်နိုင်ငံသို့ပညာသင်သွားရောက်မည့်သူများ ၊ ဂျပန်ဘာသာကိုသင်ယူ၍ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ အတွက် ဖြေဆိုရန်သင့်တော် သော စာမေးပွဲဖြစ်ရုံတင်မက ကုမ္ပဏီ၊ကျောင်းနှင့်အဖွဲ့အစည်းပေါင်း (၄၀၀)ကျော်တွင် အသုံးပြုနေသော စာမေးပွဲ ဖြစ်ပါသည်။

LEVEL အလိုက်အရည်အချင်းခန့်မှန်းတိုင်းတာချက်

J-TEST ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲတွင် A-C Level, D-E Levelနှင့်F-G Levelဟူ၍ Level (3)မျိုး ခွဲခြားထားပါသည်။ J-TEST စာမေးပွဲ၏ ထူးခြားချက်မှာ ဂျပန်ဘာသာအရည်အချင်းကို ပိုမိုခန့်မှန်းနိုင်ရန် ရည်ရွယ်၍ ရေးဖြေမေးခွန်းများလည်း ပါဝင်ပါသည်။

Levelစုစုပေါင်းရမှတ်အနည်းဆုံးရမှတ် ဖြေဆိုသင့်သူများနမူနာ မေခွန်းပုံစံ
A-C Level၁၀၀၀၆၀၀ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) N1 , N2 ဖြေဆိုသူများအတွက်  A-Cレベルサンプル問題(Q/A)
D-E Level ၇၀၀၃၅၀ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) N3 , N4 ဖြေဆိုသူများအတွက်D-Eレベルサンプル問題(Q/A)
F-G Level ၃၅၀၁၈၀ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) N5,Basic Levelဖြေဆိုမည့်သူများအတွက်F-Gレベルサンプル問題(Q/A)

Levelတိုင်း အနည်းဆုံးရမှတ်ကို ရရှိမှသာလျှင်Certificate (အောင်လက်မှတ်) ထုတ်ပေးမည်ဖြစ်ပါသည်။

စာမေးပွဲကျင်းပသောအချိန်

တစ်နှစ်လျှင် (၆) ကြိမ် (ဇန်နဝါရီလ၊ မတ်လ၊ မေလ၊ ဇူလိုင်လ၊ စက်တင်ဘာလနှင့် နိုဝင်ဘာလ) များတွင်ကျင်းပပေးလျှက်ရှိပါသည်။

စာမေးပွဲဖြေဆိုချိန်၊ဖြေဆိုရသောအပိုင်းကဏ္ဍ၊အမှတ်ပေးစနစ်
အမှတ်ပေးစည်းမျဉ်းများ

A-C Level(1000marks)

Reading & Writing (80mins)
1Grammar & Vocabulary200marks
2Reading 120marks
3Kanji 120marks
4Writing60marks
စုစုပေါင်း(500marks)
Listening(45mins)
5Depiction50marks
6Listening-reading comprehension100marks
7Response questions200marks
8Conversation & Explanation150marks
စုစုပေါင်း(500 marks)

မှတ်ချက်

၁။ အမှတ်ပြည့်(၁၀၀၀)မှတ်ဖြေဆိုရမည်ဖြစ်ပီး(၆၀၀)မှတ်အောက်လျော့နည်းနေပါက Certificate ရရှိ နိုင်မည်မဟုတ်ပါ။

၂။ A-C Levelဖြေဆိုရာတွင်မေးခွန်းအပိုင်း(၈)ပိုင်းဖြေဆိုရမည်ဖြစ်ပီးအပိုင်းတစ်ပိုင်းပိုင်းတွင်(0marks) ရရှိ ပါကCertificate ရရှိနိုင်မည်မဟုတ်ပါ။

D-E Level (700marks)

Reading & Writing (70 mins)
1Grammar & Vocabulary150marks
2General reading comprehension80marks
3Kanji 80marks
4Writing40marks
စုစုပေါင်း(350marks)
Listening(35mins)
5Depiction30marks
6Listening-reading comprehension60marks
7Response questions160marks
8Conversation & Explanation100marks
စုစုပေါင်း(350 marks)

မှတ်ချက်

၁။ အမှတ်ပြည့်(၇၀၀)မှတ်ဖြေဆိုရမည်ဖြစ်ပီး(၃၅၀)မှတ်အောက်လျော့နည်းနေပါကCertificate ရရှိနိုင်မည်မဟုတ်ပါ။

၂။ D-E Levelဖြေဆိုရာတွင်မေးခွန်းအပိုင်း၈ပိုင်းဖြေဆိုရမည်ဖြစ်ပီးအပိုင်းတစ်ပိုင်းပိုင်းတွင်(0marks) ရရှိပါကCertificateရရှိနိုင်မည်မဟုတ်ပါ။

F-G Level (350marks)

Reading & Writing (60 mins)
1Grammar & Vocabulary75marks
2General reading comprehension50marks
3Kanji 30marks
4Writing20marks
စုစုပေါင်း(175marks)
Listening(25mins)
5Depiction20marks
6Listening-reading comprehension15marks
7Response questions70marks
8Conversation & Explanation70marks
စုစုပေါင်း(175 marks)

မှတ်ချက်

၁။ အမှတ်ပြည့်(၃၅၀)မှတ်ဖြေဆိုရမည်ဖြစ်ပီး(၁၈၀)မှတ်အောက်လျော့နည်းနေပါကCertificate ရရှိနိုင်မည်မဟုတ်ပါ။

၂။ F-G Levelဖြေဆိုရာတွင်မေးခွန်းအပိုင်း၈ပိုင်းဖြေဆိုရမည်ဖြစ်ပီးအပိုင်းတစ်ပိုင်းပိုင်းတွင်(0marks) ရရှိပါ Certificate ရရှိနိုင်မည်မဟုတ်ပါ။

ဖြေဆိုခွင့်လျှောက်ထား

J-Test စာမေးပွဲလျှောက်လွှာကို J-Test Myanmar Office တွင် လက်ခံဆောင်ရွက်ပေးပါသည်။

J-Test Myanmar Office (VAC Yangon Co., Ltd)

No.37, 2FL, Rm206, LaPyayt Wun Plaza, Alanpya Pagoda

Road,Yangon , Myanmar.

 09-95020538

စာမေးပွဲရလဒ်များကို J-TEST ၏ website မှကြေငြာပေးပါသည်။ အသေးစိတ်အမှတ်စာရင်း ကိုလည်း ထုတ်ယူနိုင်ပါသည်။