• ဗမာစာ
  • 日本語

EJU

What is EJU??

EJU (Examination for Japan University for Foreign Students) ဆိုသည်မှာဂျပန်နိုင်ငံပြင်ပမှနိုင်ငံခြားပညာသင်ကျောင်းသားများအတွက်ရည်ရွယ်၍ဂျပန်နိုင်ငံ၏တက္ကသိုလ်၊တက္ကသိုလ်ဘွဲ့လွန်တန်း၊နည်းပညာကောလိပ်စသည်တို့ကို ဝင်ရောက်နိုင်ရန်ကျောင်းဝင်ခွင့်စာမေးပွဲအဖြစ်အသုံးပြုရန်အတွက်ကျင်းပပေးသောစာမေးပွဲဖြစ်ပါသည်။ ယခုလက်ရှိတွင် ဂျပန်ရှိတက္ကသိုလ်အများစုမှ EJU စာမေးပွဲရလဒ်ကိုအသုံးပြု၍ကျောင်းလက်ခံပေးနေသောကြောင့်တက္ကသိုလ်ဝင်စာမေးပွဲ အင်တာဗျူးများအတွက်ဂျပန်သို့တကူးတကသွားစရာမလိုဘဲမြန်မာနိုင်ငံတွင်းမှာပင် EJU စာမေးပွဲဝင်ရောက်ဖြေဆို၍ထို ရလဒ်ဖြင့်တက္ကသိုလ်ဝင်ခွင့်ကိုလျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ထို့အပြင် EJU စာမေးပွဲတွင်ရမှတ်ကောင်းမွန်သူများအတွက် ကျောင်းထောက်ပံ့ကြေးပေးသောစနစ်များလည်းစီစဉ်ထားပါသည်။ ဂျပန်တက္ကသိုလ်များသို့ပညာသင်သွားရောက်မည်ဆို ပါက EJU စာမေးပွဲကိုဆက်ဆက်ဖြေဆိုရန်တိုက်တွန်းပါသည်။


( EJU စာမေးပွဲကိုအသုံးပြု၍ကျောင်းဝင်ခွင့်လျှောက်ထားပုံအဆင့်ဆင့် )
STEP 1 – မိမိတက်ရောက်လိုသောကျောင်းကိုရှာဖွေ၍ကျောင်းဝင်ခွင့်လိုအပ်ချက်များကို Check လုပ်ရန်

ဂျပန်ပညာတော်သင်နှင့်ပတ်သက်သော Website များ၊လမ်းညွှန်စာအုပ်များစသည်တို့တွင်သတင်းအချက်လက်များကိုဖတ်ရှု၍မိမိ တက်ရောက်လိုသောကျောင်း၊တက္ကသိုလ်ကိုရှာဖွေပါ။ ထို့နောက်ထိုကျောင်း၏ကျောင်းဝင်ခွင့်အတွက်လိုအပ်သောအချက်များတွင် EJU စာမေးပွဲရလဒ်ဖြင့်ကျောင်းဝင်ခွင့်လျှောက်ထား၍ရမရြ၊မန်မာပြည်တွင်း၌ပင်စာမေးပွဲဖြေဆို၍ရမရ၊စသည်တို့ကို Check လုပ်ပါ။ ကျွန်တော်တို့ J Compass တွင်ဂျပန်ကျောင်း၊တက္ကသိုလ်များ၏သတင်းအချက်အလက်များကိုအခမဲ့ Support လုပ်ပေးနေပါသည်။ လာရောက်ဆွေးနွေးရန်ဖိတ်ခေါ်ပါသည်။

STEP 2 – မိမိတက်ရောက်လိုသောတ္ကသိုလ် Major အလိုက် EJU တွင်ဖြေဆိုရမည့်ဘာသာရပ်များကို Check လုပ်ရန်

EJUစာမေးပွဲတွင်အောက်တွင်ဖေါ်ပြထားသောဘာသာရပ်များပါဝင်ပြီးတက်ရောက်လိုသော Major အလိုက်ဖြေဆိုရန်လိုအပ်သောဘာသာရပ်များကိုသတ်မှတ်ထားပါသည်။

ဘာသာရပ်အကြောင်းအရာပေးမှတ်
ဂျပန်စာWriting, Reading, Listening, Read-Listening0~450
အထွေထွေဘာသာရပ်Politic, Economy, Geography, History0~200
MathematicCourse-1(or)Course-2 ရွေးချယ်နိုင်သည်0~200
SiencePhisics, Chemistry, Biology (၃)ခုမှ(၂)ခုရွေးချယ်ဖြေဆိုနိုင်0~200

※ အထွေထွေသိပ္ပံနှင့် Science ဘာသာရပ်များကိုတချိန်တည်းနှစ်ခုစလုံးရွေးချယ်၍မရပါ။

STEP 3 – EJU စာမေးပွဲကျင်းပသည့်ရက်ကို Check လုပ်၍ဖြေဆိုရန်ပြင်ဆင်ကြစို့

EJUစာမေးပွဲကို(6)လပိုင်း(12)လပိုင်းတွင်တစ်နှစ်(2)ကြိမ်ကျင်းပပါသည်။
စာမေးပွဲလျှောက်လွှာကို Myamar Association of Japan Alumni (MAJA Center) တွင်လျှောက်ထားနိုင်ပါသည်။
MAJA Address : No. 2B-4, Snow Garden Housing, Thu Mingalar Street, Hnin Si Gone (KA) Quarter, Thingangyum Township, Yangon, Myanmar.
EJU စာမေးပွဲတွင်ဂျပန်ဘာသာရပ်၌ရေးဖြေမေးခွန်း(writing.question)ပါဝင်ခြင်း၊အထွေထွေဘာသာရပ်တွင်အထွေထွေဗဟုသုတမေးခွန်းများပါဝင်ခြင်းကြောင့်စာမေးပွဲလေ့ကျင့်ချိန်ကိုများများယူနိုင်ရန်ကြိုတင်ပြင်ဆင်ထားရပါမည်။
ကျွန်တော်တို့ J-Compass တွင်ဂျပန်လူမျိုးဆရာသင်ကြားပေးသည့် EJU Exam Practice Course များကိုဖွင့်လှစ သင်ကြားပေး နေသောကြောင့်လာတက်ရောက်ရန်ဖိတ်ခေါ်ပါသည်။

STEP 4 – EJU စာမေးပွဲဝင်ရောက်ဖြေဆိုပြီးချိန်ကျောင်းလျှောက်ထားခြင်း

EJU စာမေးပွဲကိုဖြေဆိုပြီးလျှင်အောင်လက်မှတ်ရမှတ်စာရင်းနှင့်အခြားလိုအပ်သောစာရွက်စာတန်းများကိုစုစည်း၍တက်ရောက်လိုသောတက္ကသိုလ်သို့လျှောက်လွှာတင်ရန်ဖြစ်သည်။ ယခုလက်ရှိဂျပန်ရှိတက္ကသိုလ်အများစုမှာ EJU အမှတ်စာရင်းနှင့်အခြားစာရွက်စာတန်းများစစ်ဆေးခြင်း၊SKYPE ဖြင့်လူတွေ့အင်တာဗျူးခြင်း(၂)မျိုးဖြင့်ဝင်ခွင့်စာမေးပွဲအအောင်အရှုံးဆုံးဖြတ်ပေးပါသည်။ ထို့အတွက်ဂျပန်သို့တကူးတကသွားစရာမလိုဘဲမြန်မာနိုင်ငံမှာပင်လျှောက်ထား၍ကျောင်းဝင်ခွင့်ပြုချက်ကိုရယူနိုင်ပါသည်။