• ဗမာစာ
  • 日本語

Nagoya YMCA Japanese Language School

Nagoya YMCA Japanese Language School

ပညာရေးရည်မှန်းချက်၊ လမ်းစဉ်

  1. ဂျပန်လူမျိုးများနှင့်ပေါင်းသင်းဆက်ဆံပြီး ယဉ်ကျေးမှုအတွေ့အကြုံများမှတဆင့် နိုင်ငံတကာလူ့အဖွဲ့အစည်းရဲ့လူသားတစ်ယောက်အဖြစ် နိုင်ငံရပ်ခြားသားများနှင့် အပြန်အလှန်နားလည်မှုတည်ဆောက်နိုင်မည့်သူများကို မွေးထုတ်ပျိုးထောင်ပေးမည်။
  2. ဂျပန်နိုင်ငံတွင် ပညာသင်ယူရန်၊ အလုပ်လုပ်ရန်ရည်ရွယ်သည့် နိုင်ငံခြားသားများအတွက် ဂျပန်စာကိုသင်ကြားထောက်ပံ့ပေးပြီး ဂျပန်နိုင်ငံအတွင်းကိုယ်ပိုင်ရပ်တည်နိုင်မည့်သူများကို ပျိုးထောင်ပေးမည်။ရောင်မျိုးစုံလင်သောနိုင်ငံတကာလူ့အဖွဲ့အစည်းအတွင်းမှာ အတွေ့အကြုံအမျိုးမျိုးကိုယူပြီး ငြိမ်းချမ်းတိုးတက်တဲ့လူအဖွဲ့အစည်းကိုတည်ဆောင်နိုင်မည့်သူများကို မွေးထုတ်ပျိုးထောင်ပေးမည်။
စာသင်ချိန်နှင့်ပတ်သက်၍

(Basic,Intermediate,Pre-Advance,Advance) Levelအလိုက်အတန်းများတွင် (Speaking,Listening,Reading,Writing)
စွမ်းရည်များကိုမြှင့်တင်ပြီး လက်တွေ့အသုံးချဂျပန်စာစွမ်းရည်ကို ရရှိစေမည်။နောက်ပြီး စာသင်ခန်းတွင်း စာသင်ချိန်အပြင် ဂျပန်ယဉ်ကျေးမှု၊ ရိုးရာပစ္စည်းဖန်တီးမှုလက်တွေ့လုပ်ခြင်း၊ တက္ကသိုလ်ကျောင်းသားများနှင့်အတွေ့အကြုံဖလှယ်ခြင်း၊ လုပ်ငန်းလေ့လာရေးသွားရောက်ခြင်း၊ volunteer interviews စသည့်ဂျပန်လူမျိုးများနှင့်ပေါင်းသင်းဖလှယ်နိုင်မည့်အခွင့်အလမ်းများကို အဓိကထည့်သွင်းထားသော Curriculum ဖြင့်သင်ကြားပါသည်။

ကျောင်းဝန်းကျင်အနေအထား

ထိုင်ဝမ်၊ ကိုရီးယား၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ တရုတ်၊ နီပေါ၊ ဖီလစ်ပိုင်၊ ဟောင်ကောင်၊ မွန်ဂို၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတေးလျ၊ မြန်မာ၊ ဘရာဇီးစသည့်နိုင်ငံများမှ ပညာသင်ကျောင်းသားများတက်ရောက်နေပြီး နိုင်ငံခြားကျောင်းသားများနှင့် ကိုက်ညီမည့်ကျောင်းပုံစံကို ရည်ရွယ်တည်ဆောက်သွားမည်။ကျောင်းသားအများဆုံး(၁၀၀)ဦးသာသတ်မှတ်ထားသောကြောင့် ဆရာနှင့်ကျောင်းသား၊ ကျောင်းသားအချင်းချင်း ရင်းနှီးချစ်ခင်ကြပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာပတ်ဝန်းကျင်တွင် သင်ယူလေ့လာနိုင်မည့်ကျောင်းဖြစ်ပါသည်။စာကြိုးစားသောကျောင်းသားများစုဝေးနေပြီး အချင်းချင်းအပြန်အလှန်ကူညီရိုင်းပင်းကာ အတူတကွလေ့လာနိုင်တဲ့ကျောင်းလည်းဖြစ်ပါတယ်။

ဂျပန်စာအရည်ချင်းစစ်စာမေးပွဲ(JLPT)အတွက်ပြင်ဆင်မှု

စာမေးပွဲမတိုင်ခင်အတန်းတွင်းမှာလည်း ပြင်ဆင်မှုများလုပ်ပေးပါသည်။ကျောင်းသက်တမ်း၃နှစ်အတွင်း ရလဒ်အနေနှင့် N1အောင်မြင်သူ၈ဦး(၁၄ဦးဖြေဆို)၊ N2အောင်မြင်သူ၂၂ဦး(၃၃ဦးဖြေဆို)၊ N3 အောင်မြင်သူ၄၃ဦး(၇၁ဦးဖြေဆို)စသဖြင့် JLPTစာမေးပွဲအောင်မြင်သူစုစုပေါင်း(၁၁၈)ဦးကို မွေးထုတ်နိုင်ခဲ့ပါသည်။မိခင်နိုင်ငံတွင်ခန်းဂျိကိုအသုံးမပြုသောကျောင်းသားများလည်း ကျောင်းပြီးဆုံးချိန်တွင်အားလုံးN2Levelနှင့်အထက်အောင်မြင်ရန်ရည်ရွယ်၍ သင်ကြားထောက်ပံ့ပေးနေပါသည်။

လေ့လာရမည့်သင်ရိုး(Course)

2 years course1 year & 6 months course1 years course
ကျောင်းဝင်ချိန်၄ လပိုင်း(ဧပြီ)၁၀ လပိုင်း(အောက်တိုဘာ)၄ လပိုင်း(ဧပြီ)
ကျောင်းလျှောက်
ဖောင်ပိတ်ရက်
၁၁လပိုင်း၂၀ရက်၅လပိုင်း၂၀ရက်၁၁လပိုင်း၂၀ရက်
လေ့လာသင်ကြားရမည့်အကြောင်းအရာ

  ရက်သတ္တပတ် ပထမအတန်းချိန် ဒုတိယအတန်းချိန် တတိယအတန်းချိန် စတုတ္ထအတန်းချိန်
Basic

၂၀ ပတ်
(၆ လ)

အဓိကသင်ရိုးသင်ချိန်
(၁၅နာရီ/တစ်ပတ်)

(ရေး၊ဖတ်၊ပြော၊နားထောင်)
စွမ်းရည်တစ်ခုခြင်းစီအလိုက်စာသင်ချိန်
၅နာရီ/တစ်ပတ်)

Intermediate

၂၀ ပတ်
(၆ လ)

အဓိကသင်ရိုးသင်ချိန်
(၁၅နာရီ/တစ်ပတ်)

Pre Advance

၂၀ ပတ်
(၆ လ)

အဓိကသင်ရိုးသင်ချိန်
(၁၅နာရီ/တစ်ပတ်)

Advance

၂၀ ပတ်
(၆ လ)

အဓိကသင်ရိုးသင်ချိန်
(၁၅နာရီ/တစ်ပတ်)

စွမ်းရည်တစ်ခုခြင်းစီအလိုက်စာသင်ချိန်၂
(၁၀နာရီ/တစ်ပတ်)

Q.အဓိကသင်ရိုးသင်ချိန်

ကိုယ်ပိုင် Curriculum၊ ကိုယ်ပိုင်သင်ကြားနည်းများဖြင့် ဂျပန်စာလေ့လာမှုကိုအဓိကထားသော သဒ္ဒါစွမ်းရည်ကို မြှင့်တင်သည်။
Main textbook ကိုအသုံးပြုရင်း လက်တွေ့အသုံးချဂျပန်စာကို လေ့လာရမည်။

Q.စွမ်းရည်တစ်ခုခြင်းစီအလိုက်စာသင်ချိန် ၁

(ရေး၊ ဖတ်၊ ပြော၊ နားထောင်) စွမ်းရည်တစ်ခုခြင်းစီအလိုက် စာသင်ချိန်ကိုပြင်ဆင်ထားပြီး ထိရောက်မှုရှိရှိ လေ့လာရမည်။

Q.စွမ်းရည်တစ်ခုခြင်းစီအလိုက်စာသင်ချိန် ၂

ကျောင်းသားများ၏ရည်မှန်းချက်အသီးသီးအလိုက် စွမ်းရည်လိုအပ်ချက်၊ ရည်ရွက်ချက်မျာ့နှင့် ကိုက်ညီမည့်ဂျပန်စာကိုသင်ကြားထောက်ပံ့ပေးသည်။


စာသင်ချိန်

ဂျပန်စာLevelအလိုက် Classများတွင်(နံနက်ပိုင်း၊ ညနေပိုင်း) တန်းခွဲများရှိသည်။

နံနက်ပိုင်း(Course)
အတန်းချိန် ၁ 09 : 00 ~ 09 : 45
အတန်းချိန် ၂ 09 : 55 ~ 10 : 40
အတန်းချိန် ၃ 10 : 50 ~ 11 : 35
အတန်းချိန် ၄ 11 : 45 ~ 12 : 30

 

ညနေပိုင်း(Course)
အတန်းချိန် ၁ 13 : 30 ~ 14 : 15
အတန်းချိန် ၂ 14 : 25 ~ 15 : 10
အတန်းချိန် ၃ 15 : 20 ~ 16 : 05
အတန်းချိန် ၄ 16 : 15 ~ 17 : 00
Level အလိုက်သင်ရိုးစာအုပ်များနှင့် လေ့လာတတ်မြောက်မည့်အကြောင်းအရာ
Course လေ့လာချိန် အသုံးပြုမည့် သင်ရိုးစာအုပ် လေ့လာတတ်မြောက်မည့်အကြောင်းအရာ ရောက်ရှိသည့် Level
Basic ပထမပိုင်း
(၃)လ
*ရိုးရှင်းလွယ်ကူသောစကားလုံးဖြင့် အနီးနားဝန်းကျင်ကအဖြစ်အပျက်ကို ရှင်းပြနိုင်မည်။
*မိမိနှင့်မိသားစုကို အလွယ်မိတ်ဆက်ပေးနိုင်မည်။
*တောင်းဆိုမှု၊ တားမြစ်ချက် စသည်တဖက်လူ၏လိုအပ်ချက်အလိုက် ပြုမှုဆောင်ရိုက်နိုင်မည်။
*အခြေအနေအချိန်ခါကြည့်ပြီး တဖက်လူနှင့်ကိုက်ညီမည့် သဒ္ဒါခွဲခြားအသုံးပြုမှုကို နားလည်နိုင်မည်။
JLPT
N5
ဒုတိယပိုင်း
(၃)လ
*ရိုးရှင်းလွယ်ကူသောစကားလုံးဖြင့် အနီးနားဝန်းကျင်ကအဖြစ်အပျက်ကိုရှင်းပြခြင်း၊ မိမိ၏ထင်မြင်ချက်ကိုပြောဆိုခြင်းများ လုပ်နိုင်မည်။
*မိမိတိုင်းပြည်၏ နေထိုင်မှုပုံစံနှင့်ပတ်သက်ပြီး အလွယ်မိတ်ဆက်ရှင်းပြနိုင်မည်။
*တောင်းဆိုမှု၊ အဆိုပြုချက်၊ အကြံဉာဏ် စသည်တဖက်လူ၏လိုအပ်ချက်အလိုက် ပြုမှုဆောင်ရိုက်နိုင်မည်။
*အခြေအနေအချိန်ခါကြည့်ပြီး မည့်သည့်သဒ္ဒါစကားလုံးအသုံးပြုရမည်ကို နားလည်နိုင်မည်။
JLPT
N4
Intermediate ပထမပိုင်း
(၃)လ
*အနည်းငယ်ရှည်သောစာပိုဒ်များကို ဖတ်ခြင်း၊ နားထောင်ခြင်းများ ပြုလုပ်နားလည်နိုင်မည်။
*ယျေဘုံယျလူမှုပတ်ဝန်းကျင်ဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး Basic levelတွင်လေ့လာခဲ့သော သဒ္ဒါဦဝေါဟာရကိုအသုံးပြု၍ ထင်မြင်ချက်ကိုပြောပြနိုင်မည်။
*အခြေအနေအချိန်ခါကြည့်ပြီး တဖက်လူနှင့်ကိုက်ညီအောင်ပြောဆိုခြင်း၊ ရေးသားခြင်းများကိုလုပ်နိုင်မည်။
JLPT
N3
ဒုတိယပိုင်း
(၃)လ
*ရှုပ်ထွေးသောစာကြောင်းဖွဲ့စည်းပုံတွေကိုနားလည်ပြီး၊ စုစည်းမှုရှိသောစာပိုဒ်၏အကြောင်းအရာကို ဖတ်မှတ်ရေးသားနိုင်သည်။
*အကြောင်းကိစ္စကိုစုစည်းပြီး ထိထိရောက်ရောက်ပြောနိုင်မည်။
*နေ့စဉ်ဘဝအတွေ့အကြုံ၊ လူမှုရေးပြသနာများနှင့်ပတ်သက်ပြီး ထင်မြင်၊သုံးသပ်ချက်၊အကြောင်းပြချက်စသည်ကိုပြောနိုင်မည်။
*အခြေအနေအချိန်အခါအလိုက် သင့်တော်သောအသုံးနူန်းကိုအသုံးပြု၍ ထင်မြင်ချက်ကိုပြောပြနိုင်မည်။
*ရှုထောင့်၊ စဉ်းစားပုံမတူညီသေ ာစကားပြောဖော်နှင့်လည်းပဲ စိတ်ဝင်တစားသတင်းအချက်အလက်၊ ထင်မြင်ချက်စသည်ကို ဆွေးနွေးမျှဝေနိုင်မည်။
JLPT
N3
Pre-advance ပထမပိုင်း
(၃)လ
JLPT
N3-N2
ဒုတိယပိုင်း
(၃)လ
*နေ့စဉ်ကြုံတွေ့အသုံးချရမည့် ဘာသာစကားခေါင်းစဉ်ဖြင့် အပြင်လောကတွင်အမှန်တကယ်အသုံးပြုနေသော စာများ (အက်ဆေး၊ရှင်းပြချက်၊ဆောင်းပါးစသည်)ကိုဖတ်ရှုနားလည်ပြီးထိုစာနှင့်ပတ်သက်လို့ မိမိ၏ထင်မြင်ချက်ကိုအစီအစဉ်တကျ ဖော်ပြနိုင်မည်။
*ရှင်းပြချက်၊ အကြောင်းပြချက်ပေးခြင်း၊ စာရေးသားခြင်း၊ အစီရင်ခံခြင်းစသည့် အထွေထွေပြောနိုင်သည့်အဆင့်ဖြစ်သည့် အနည်းငယ်ခက်ခဲသောအခြေအနေတွင် communicationလုပ်နိုင်မည်။
JLPT
N2
Advance (၆) လ *ပိုမိုခက်ခဲသော စာကြောင်းတည်ဆောက်ပုံများကိုနားလည်၍ အစီအစဉ်တကျပြန်ပြေနိင်ခြင်း၊ ဖတ်ခြင်း ရေးခြင်းများလုပ်နိုင်မည်။
*အကြောင်းအရာကိုစုစည်းပြီး ထိထိမိမိပြောဆိုနိုင်မည်။
*နေ့စဉ်ဘဝအတွေ့အကြုံ၊ လူမှုရေးပြသနာများနှင့်ပတ်သက်ပြီးထင်မြင်၊ သုံးသပ်ချက်၊ အကြောင်းပြချက်စသည်ကို အသေးစိတ်ပြောနိုင်မည်။
*အခြေအနေအချိန်အခါအလိုက် သင်တင့်သောအသုံးအနူန်းများဖြင့် ထင်မြင်ချက်ကိုဖော်ပြနိုင်မည်။
*ရှုထောင့်၊ စဉ်းစားပုံမတူညီသောစကားပြောဖာ်နှင့်လည်းပဲ သင့်တော်သောအသုံးအနူန်းများဖြင့် စိတ်ဝင်တစား သတင်းအချက်အလက်၊ ထင်မြင်ချက်စသည်ကို ဆွေးနွေးမျှဝေနိုင်မည်။
JLPT
N2-N1