• ဗမာစာ
  • 日本語

I.C.NAGOYA

I.C.NAGOYA မိတ်ဆက်နှင့်ပတ်သက်၍

ပညာရေးခံယူချက်

ကျွန်တော်တို့သည်[ကမ္ဘာလုံးဆိုင်ရာအမြင်ကျယ်စွာဖြင့်ကျရာတာဝန်ထမ်းဆောင်နိုင်မည့်ပုဂ္ဂိုလ်များကိုမွေးထုတ်ပေးနိုင်ရမည်]ဟူသောခံယူချက်ဖြင့်လူမှုဆက်ဆံရေးစွမ်းရည်တိုးတက်ဖို့ရန်အဓိကရည်ရွယ်သောစာသင်ချိန်ကိုဝန်ဆောင်ပေးပြီးကျောင်းသားများ၏အသက်မွေးဝမ်းကျောင်းပညာမြှင့်တင်ခြင်းကိုသင်ကြားထောက်ပံ့ပေးနေပါသည်။


ကျောင်း၏အားသာချက်

ကျောင်း၏သမိုင်းကြောင်းနှင့်တည်နေရာ

I.C.NAGOYAကျောင်းသည်1983ခုနှစ်တွင်စတင်တည်ထောင်ခဲ့သောသမိုင်းကြောင်းရှိပြီးသင်ကြားပဲ့ကိုင်မှုအတွေ့အကြုံမြင့်မားသောဂျပန်စာသင်ကျောင်းဖြစ်ပါသည်။NaGoYaဘူတာမှလမ်းလျှောက်သွားလျှင်၅မိနစ်ခန့်ဝန်းကျင်တွင်တည်ရှိပြီးဘူတာအရှေ့ဘက်သွားရေးလာရေးအလွန်အဆင်ပြေသောနေရာတွင်ကျောင်းအဆောက်အဦးတည်ရှိပါသည်။

တက္ကသိုလ်၊ကောလိပ်များသို့ကျောင်းဆက်တက်ခြင်း၊လုပ်ငန်းခွင်ဝင်ရောက်ရန်ပြင်ဆင်ခြင်းများအတွက်ကျောင်းသားတစ်ဦးခြင်းစီနှင့်ကိုက်ညီမည့်သင်ကြားထောက်ပံ့မှု။

နိုင်ငံခြားသားပညာသင်ကျောင်းသားများသည်I.C.NAGOYA တွင်လေ့လာဆည်းပူးခဲ့သောဂျပန်စာစွမ်းရည်ကိုမိမိဘဝနောက်တစ်ဆင့်တွင်ပြန်လည်အသုံးချနိုင်စေရန်မိမိ၏အနာဂါတ်ရည်မှန်းချက်လမ်းကြောင်းနှင့်ကိုက်ညီမည့်သင်ကြားထောက်ပံ့မှုအသီးသီးပေးကိုရွေးချယ်ပေး၍လက်တွေ့လုပ်ဆောင်နေပါသည်။
〇တက္ကသိုလ်၊ကောလိပ်များသို့ကျောင်းဆက်တက်ခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်းများအတွက်သင်ကြားထောက်ပံ့ခြင်း: EJUစာမေးပွဲပြင်ဆင်မှုအတန်း(Maths,Japan&World,Science Subjects),JLPTစာမေးပွဲပြင်ဆင်မှု၊ လုပ်ငန်းခွင်ဝင်ရောက်ရန်ပြင်ဆင်မှုအင်တာဗျူးလေ့ကျင့်ခြင်း၊ တက္ကသိုလ်၊ကောလိပ်များကျောင်းဝင်ခွင့်အင်တာဗျူးပြင်ဆင်မှု၊ စာရွက်စာတန်းပြင်ဆင်မှုစသည်…

ကျောင်းသားအနာဂါတ်ဆွေးနွေးလမ်းညွှန်ရေးဌာန၊အင်တာဗျူးသင်ကြားပို့ချမှု၊EJUသင်ကြားပို့ချမှု၊

ကျောင်းပြီးဆုံးသူကျောင်းသားများ၏ဆက်လက်ဝင်ခွင့်ရရှိခဲ့သောတက္ကသိုလ်များ : Nagoya University,Toyama University,Shiga University,Ritsumeikan University,Minamiyama University,etc..

ကျောင်းပြီးဆုံးသူကျောင်းသားများနှင့်အသိအမြင်ဖလှယ်ခြင်း၊အခြားလုပ်ငန်းခွင်ဝင်ရောက်မှုပြင်ဆင်ခြင်းဓါတ်ပုံများ

ကျောင်းပြီးဆုံးသူကျောင်းသာများအဓိကဝင်ရောက်သောလုပ်ငန်းခွင်နယ်ပါယ်များ :
အရောင်းဝန်ထမ်း၊ရုံးလုပ်ငန်းဝန်ထမ်း၊HRဝန်ထမ်း၊အင်ဂျင်နီယာ၊ဘာသာပြန်ဝန်ထမ်းစသည်…

တဖန်ICNagoyaကျောင်းကို Aichiခရိုင်မှ၂၀၂၀ခုနှစ်၁၂လိုင်း၁၅ရက်တွင်(အကျုံးဝင်သက်တမ်း၁နှစ်)သတ်မှတ်အရည်အချင်းပြည့်မီသောဂျပန်စာကျောင်းဖြစ်ကြောင်းအသိမှတ်ပြုထားသည်။
ထို့သို့သောသတ်မှတ်အရည်အချင်းပြည့်မီခြင်းကြောင့်နိုင်ငံခြားညာသင်ကျောင်းသားများသည်I.C.NAGOYAကျောင်းပြီးဆုံးပါကအများဆုံး(၁နှစ်)၊လုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်မှုအတွက်နေထိုင်ခွင့်(Tokutei-katsudou-Visa)ကိုရရှိနိုင်မည်ဖြစ်သည်။

တစ်လတစ်ကြိမ်နိုင်ငံခြားပညာသင်ကျောင်းသားအချင်းချင်းအသိအမြင်ဖလှယ်ပွဲ

I.C.NAGOYAတွင်ကျောင်းသားအချင်းချင်းအသိအမြင်ဖလှယ်ရေးအခွင့်အလမ်းကိုအလေးထားဆောင်ရွက်သည်။မိမိနှင့်မတူညီသောနိုင်ငံမှလာရောက်သောကျောင်းသားများနှင့်မိတ်ဆွေဖြစ်လာပြီးဂျပန်စကားဖြင့်ရင်းနှီးစွာပေါင်းသင်းဆက်ဆံကြရအောင်။

〇ယခုလက်ရှိအချိန်ထိကျောင်းမှကျင်းပပေးလျှက်ရှိသောEventsများ :

လေ့လာရေးခရီးထွက်ခြင်း၊ခရစ်စမတ်ပွဲတော်၊HallowenEvent၊Higashiyama တိရိစ္ဆာန်ရုံလည်ပတ်ခြင်း၊ Nagoyaမြို့တွင်းလည်ပတ်ခြင်း၊Sports recreations,Haikuကဗျာပြိုင်ပွဲစသည်…

နိုင်ငံပေါင်း(၁၅~၂၀)နိုင်ငံမှကျောင်းသားများတက်ရောက်လျှက်ရှိသောအရောင်သွေးစုံလင်ပတ်ဝန်းကျင်။

အခြားနိုင်ငံမှကျောင်းသားများနှင့်ဂျပန်စာကိုအသုံးပြုပြီးပေါင်းသင်းဆက်ဆံရတာကြောင့်ဂျပန်စာစွမ်းရည်လျှင်မြန်စွာတိုးတက်စေပါတယ်။နောက်ပြီးဂျပန်နိုင်ငံနှင့်ပတ်သက်တာတွေတင်မဟုတ်ဘဲအခြားသေားနိုင်ငံများ၏ယဉ်ကျေးမှုဓလေ့များကိုလည်းထိတွေ့လေ့လာနိုင်ရန်အခွင့်အလမ်းများစွာရှိပါသည်။

Basic level မှAdvance Levelအထိ (၉)ဆင့်ခွဲထားသည်

ဂျပန်စာ 4 Skills(reading,listening,writing,Speaking)စွမ်းရည်များကိုတိုးတက်စေရင်း Communicationအတွက်လက်တွေ့အသုံးချဂျပန်စာကိုဘက်စုံသင်ယူရမည်။

Level 1

(Basic)

အသံထွက်・အက္ခရာ・အခြေခံခန်းဂျိ、လွယ်ကူယဉ်ကျေးသောအသုံးနူန်းများနှင့်အခြေခံသဒ္ဒါများ、နေ့စဉ်ဘဝနေထိုင်ရေးတွင်အလွယ်အသုံးပြုနိုင်မည့်ဂျပန်စာစွမ်းရည်ကိုရရှိမည်။

Level 2
Level 3

(Pre-Intermediate) Basic

levelတွင်လေ့လာခဲ့သည်များကိုအခြေအနေအချိန်အခါအလိုက်လက်တွေ့အသုံးချနိုင်မှုစွမ်းရည်ကိုမြှင့်တင်ပြီး Intermediate level အတွက်အခြေခံများကိုလေ့လာရမည်။

Level 4

(Intermediate)

ဝေါဟာရ၊သဒ္ဒါစွမ်းရည်ကိုမြှင့်တင်ပြီးနေ့စဉ်သုံးဂျပန်စာမှတဆင့်တက်၍ပိုမိုကျယ်ဝန်းသောအကြောင်းအရာများကိုတိတိကျကျ၊သဘာဝကျကျအသုံးချနိင်မှုစွမ်းရည်ကိုရရှိမည်။

Level 5
Level 6

(Pre-Advance)

ပိုမိုအဆင့်မြင့်တဲ့ဝေါဟာရများ၊သံတူကြောင်းကွဲအသုံးအနူန်းများခွဲခြားအသုံးပြပုံကိုလေ့လာပြီးလူမုပတ်ဝန်းကျင်နယ်ပ္ပါယ်အမျိုးမျိုးတွင်ဝင်ဆံ့နိုင်မည့်နားလည်မှု၊ပြန်လည်ပြောဆိုနိုင်မှုစွမ်းရည်ကိုရရှိမည်။

Level 7
Level 8

(Advance)

နေ့စဉ်ပြောသာမာန်စကားဝိုင်များကစ၍နယ်ပါယ်အမျိုးမျိုး၊ခေါင်းစဉ်အမျိုးမျိုးမှအသုံးချမှုစွန်းရည်ကိုဖြန့်ကျက်ပြီးတက္ကသိုလ်Lectureများတက်နိုင်ရန်နှင့်လူမှုပတ်ဝန်းကျင်တွင်အခက်အခဲမရှိနေထိုင်ဆောင်ရွက်နိုင်မည့်ဂျပန်စာစွမ်းရည်ကိုရရှိမည်။

Level 9

ကျောင်းဝင်ပြီးနောက်Level check testကိုဖြေဆိုစေပြီးဝင်ရောက်ရမည့်Levelအတန်းကိုသတ်မှတ်သည်။
Levelတစ်ခုကို ၃ လကြာလေ့လာသင်ယူရမည်။စာသင်ချိန်တွင်ဘာသာစကားသာလျှင်မဟုတ်ဘဲဘာသာစကား၏နောက်
ကွယ်မှယဉ်ကျေးမှု၊ထုံစံဓလေ့များစသည်နှင့်ဂျပန်နိုင်ငံ၏အခြေအနေတွေကိုပါထိတွေ့လေ့လာရင်းဂျပန်စာနားလည်မှုစွမ်းရည်ကိုတိုးမြှင့်စေပါမည်။
နောက်ပြီးGroup work,Discussionစသည့်Activitiesများဖြင့်လက်တွေ့အသုံးချနိုင်မှုစွမ်းရည်ကိုမြှင့်တင်ပေးပါသည်။


Long term Course & Short term course ရှင်းလင်းချက် (ကျောင်းဝင်ချိန်ကာလ・ကုန်ကျစရိတ်)

Long term Course (နိုင်ငံခြားပညာသင်ကျောင်းသားဗီဇာဖြင့်ဂျပန်စာကိုလေ့လာခြင်း)

ဂျပန်နိုင်ငံရှိတက္ကသိုလ်၊အသက်မွေးဝမ်းကျောင်းကောလိပ်တွေကိုဆက်လက်တက်ရောက်ပြီးဂျပန်တွင်အလုပ်လုပ်ကိုင်လိုသောကျောင်းသားများအတွက်အဆင့်မြင့်ဂျပန်စာစွမ်းရည်ကိုလေ့လာသင်ယူနိုင်စေရန်ရည်ရွက်သောCourseဖြစ်ပါတယ်။

ကျောင်းဝင်ချိန်・Course

ကျောင်းဝင်ချိန်ကာလ၄လပိုင်း၇လပိုင်း၁၀လပိုင်း၁လပိုင်း
Courseကြာချိန် (၃လပိုင်းကျောင်းပြီး)၂နှစ်/၁နှစ်၁နှစ်၉လ၁နှစ်၆လ၁နှစ်၃လ
Courseကြာချိန် (၉လပိုင်းကျောင်းပြီး)၁နှစ်၆လ၁နှစ်၃လ၂နှစ်၁နှစ်၉လ

စာသင်ချိန် : နံနက်ပိုင်းအတန်း ၉ ~၁၂:၄၀ ၊ ညနေပိုင်းအတန်း ၁:၁၀ ~၁၆:၅၀
(※ စာသင်ချိန်မှာနံနက်ပိုင်း(သို့မဟုတ်)ညနေပိုင်းကိုLevel checkအပြီးတွင်သတ်မှတ်ပေးမည်)

ကျောင်းလခ:

Selection fee20,000 ယန်း(ပထမအကြိမ်တွင်သာလျှင်)
ကျောင်းဝင်ကြေး60,000 ယန်း(ပထမအကြိမ်တွင်သာလျှင်)
ကျောင်းလခ680,000 ယန်း(တစ်နှစ်စာ)
Facility fee26,000 ယန်း(တစ်နှစ်စာ)
ကိုယ်တိုင်လုပ်သင်ထောက်ကူပစ္စည်းစရိတ်18,800 ယန်း(တစ်နှစ်စာ)
Field trip fee7,600 ယန်း(တစ်နှစ်စာ)
Accident insurance7,500 ယန်း(တစ်နှစ်စာ)
စုစုပေါင်း819,900 ယန်း

※ အခြားသောစာအု်ပ်စာတန်းကြေး၊ကျန်းမာရေးဆေးစစ်စရိတ်စသည်8,000~12,500 ယန်းခန့်
ကျောင်ဝင်ပြီး၃လကြာတွင်ကုန်ကျမည်။

Short term Course( Short term Visaဖြင့်ဂျပန်စာကိုလေ့လာသင်ယူခြင်း)

Short term Visaဖြင့်ဂျပန်သို့လာရောက်ပြီးကာလတိုအတွင်းဂျပန်စာကိုလေ့လာသင်ယူချင်သူများအတွက် Courseဖြစ်ပါတယ်။

ကျောင်းဝင်ချိန်ကာလ : ၄လပိုင်း၊၇လပိုင်း၊၁၀လပိုင်း၊၁လပိုင်း

(※ အခြေအနေအပေါ်မူတည်၍ဆွေနွေးညှိနိုင်းပြီးနောက်၊ကြားဖြတ်ကျောင်းဝင်ခွင့်ရနိုင်သည်)
သင်ယူလေ့လာချိန် : ၁ ပတ် ~ ၃လ(ကာလအလိုက်ကုန်ကျစရိတ်ကွားခြားမည်)

၃လစာကျောင်းလခ:

ကျောင်းဝင်ကြေး30,000 ယန်း
ကျောင်းလခ170,000 ယန်း
Facility fee6,500 ယန်း
ကိုယ်တိုင်လုပ်သင်ထောက်ကူပစ္စည်းစရိတ်4,700 ယန်း
Field trip fee3,800 ယန်း
စုစုပေါင်း210,000 ယန်း

※ အခြားသောစာအု်ပ်စာတန်းကြေး 4,000~7,000 ယန်းခန့် ကုန်ကျမည်။


ကျောင်းအဆောင်နှင့်ပတ်သက်သောအချက်အလက်

I.C.NAGOYA ၏ကျောင်းအဆောင်သည်ကျောင်းတည်ရှိသည့်Nagoyaဘူတာမှလမ်းလျှောက်၍၁၀မိနစ်ခန့်အကွာအလွန်အဆင်ပြေသောနေရာတွင်တည်ရှိသည်။
Shinkensen(ကျည်ဆံရထား),JR Zairai Sen,Meitetsu,Kintetsu,OOnomiya Sen,Chikatetsu(မြေအောက်ရထား)စသည့်ရထားလိုင်းတွေကိုလည်းအလွယ်တကူစီးနင်းနိုင်သည်။
အဆောင်၏အခန်းတိုင်းတွင်ကြွေဇလုံရေးချိုးခန်း၊မီးဖိုချောင်၊ရေခဲသေတ္တာ၊အဲယားကွန်း၊နှစ်ဆင့်ကုတင်၊စားပွဲခုံ၊ထိုင်ခုံ၊စာအုပ်စင်၊လျှပ်စစ်မီးအိမ်၊ဖုန်စုပ်စက်၊လျှပ်စစ်ရေနွေးအိုး၊ဗီဒိုစသည်တို့ကိုတပ်ဆင်ထားရှိသည်။ ထို့အပြင်အခပေးအဝတ်လျှော်စက်အခန်းလည်းပါရှိသည်။

အဆောင်လခ(တစ်ယောက်ခန်း)

52,000 ယန်း(တစ်လစာ)

အဆောင်လခ(နှစ်ယောက်ခန်း)

32,000 ယန်း(တစ်လစာ)

အာမခံကြေး

50,000 ယန်း

အထွေထွေဝန်ဆောင်ခ

20,000 ယန်း

10,000 ယန်း(၆လတစ်ကြိမ်)

အိပ်ယာခင်းအစုံ

13,000 ယန်း

※ လိုချင်သူအတွက်သာ။

( ခြုံထည်ဂွမ်းကပ်၊ အခင်းဖုံး၊ ဖော့ကုတင်၊ စောင်၊ ခေါင်းအုံး )တစ်စုံပါဝင်သည်။

※ အဆောင်လခစာချုပ်ကို ၆လ တစ်ကြိမ်သက်တမ်းတိုးရမည်။


Nagoya・Nagoyaမြို့ပတ်ဝန်းကျင် (I.C.NAGOYAပတ်ဝန်းကျင်)မိတ်ဆက်

ဂျပန်နိုင်ငံ၏မြို့ကြီး၃ခုတွင်အပါအဝင်ဖြစ်သည့်Nagoyaမြို့သည်Tokyoနှင့်Osakaမြို့နှစ်ခုအကြားတွင်တည်ရှိပြီးဂျပန်နိုင်ငံ၏အလယ်ဗဟိုတွင်ရှိသည်။

Toyota စသည့်ကုမ္ပဏီကြီးများဖြင့်စက်မှုလုပ်ငန်းထွန်းကားသည့်နယ်မြေဖြစ်ပြီး၊Chubuအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း၊Nagoyaဆိပ်ကမ်းစသည်တို့ကြောင့်ကုန်သွယ်ရေးဝင်ပေါက်တစ်ခုအဖြစ်နိုင်ငံရပ်ခြားနှင့်ကူးလူးဆက်ဆံရေးတွင်ကျယ်သည့်နေရာဖြစ်သည်။တဖန်မြို့မှအနည်းငယ်လှမ်းသောနေရာသို့သွားလျှင်ဆာကူရာ၊မိုမီဂျိ၊နွေရာသီပွဲတောစသဖြင့်တောတောင်သဘာဝကိုခံစားနိုင်မည့်နေရာများစွာလည်းရှိပါသည်။ထို့ကြောင့်I.C.NAGOYAကျောင်းဟာဂျပန်ရဲ့ယဉ်ကျေးမှုကို စုံလင်စွာထိတွေ့လေ့လာခွင့်ရနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။