• ဗမာစာ
  • 日本語

Shizuoka University

ရှိဇူအိုကာမြို့တွင် ပညာသင်ကြားခြင်း

ဂျပန်နိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော ခံ့ညားထည်ဝါသည့် ဖူဂျီတောင်က အုပ်မိုးထားသည့် ရှိဇူအိုကာမြို့သည် တိုကျိုမြို့နှင့် အိုဆာကာမြို့နှစ်ခုကြား နီးကပ်စွာ တည်ရှိပါသည်။ ဆူဇူကီး၊ ယာမဟာနှင့် ဟွန်ဒါကဲ့သို့ နိုင်ငံတကာ ကော်ပိုရေးရှင်းများစွာ အခြေစိုက်တည်ရှိရာ ရှိဇူအိုကာမြို့သည် အထူးကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ၊ မြို့တော်ကြီး၏ အင်္ဂါရပ်နှင့် ပြည့်မီသည့် အဆောက်အအုံများနှင့် ဝန်ဆောင်မှုများဖြင့် ငွေကြေးအရ တက်နိုင်သော၊ နေပျော်မှုရှိပြီး ရင်းနှီးဖော်ရွေသော ဒေသပတ်ဝန်းကျင်ကို သင့်အား ပေးနိုင်ပါသည်။

Asia Bridge Program အကြောင်း

ယနေ့ ရှိဇူအိုကာမှ နောင်အနာဂတ် ကမ္ဘာ့အဆင့်သို့

Asia Bridge Program (ABP) သည် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံများမှ ကျောင်းသားများအတွက် တစ်မူထူးခြားသော လုပ်ငန်းနှင့် ပညာရပ်သင်ကြားမှု နယ်ပယ် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သည်။ ဤပရိုဂရမ်သည် ရှိဇူအိုကာမြို့တွင် အခြေစိုက်သော နိုင်ငံတကာ ကော်ပိုရေးရှင်းများနှင့်အတူ အနီးကပ် ပူးပေါင်းလုပ်ဆောင်လျက် စီးပွားရေးနှင့် လူမှုအသိုင်းအဝိုင်းအတွက် နောင်အနာဂတ်၏ နိုင်ငံတကာ ခေါင်းဆောင်များကို ပညာသင်ကြားပေးရန် ရည်ရွယ်ပါသည်။ သင်ရိုးညွှန်းတမ်းသည် နည်းပညာ ကျွမ်းကျင်မှု၊ စီးပွားရေး အမြင်ရှိမှု၊ သိပ္ပံနည်းကျကျ တွေးခေါ်မှုနှင့် လူအချင်းချင်း ဆက်ဆံရေးစွမ်းရည်များကို ပေါင်းစပ်ထားမှုအပေါ် အလေးထား အာရုံစိုက်ကာ ဘက်စုံ အသိပညာများ ပေးစွမ်းသည့် ပညာရေးကို အသားပေးထားသည်။ ထိုပညာရေးမှတစ်ဆင့် ကျောင်းသားများသည် ရှိဇူအိုကာနှင့် ၎င်းတို့၏ မိခင်နိုင်ငံများကြား ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

Asia Bridge Program (ABP) သည် သင့်အတွက် တက္ကသိုလ်ဝင်ခွင့်နှင့် တက္ကသိုလ်နယ်မြေအတွင်း နေထိုင်မှုဘဝမှသည် ဘွဲ့ရပြီးနောက်ပိုင်း သက်မွေးဝမ်းကျောင်း အလုပ်အကိုင်များအထိ ပြီးပြည့်စုံသော အကူအညီကို ပံ့ပိုးပေးပါသည်။

တက္ကသိုလ်ရှိ ဌာနများ

ရှိဇူအိုကာတက္ကသိုလ်နယ်မြေ

လူမှုဘာသာရပ်များနှင့် လူမှုရေးသိပ္ပံ မဟာဌာန
● Social and Human Studies ● Language and Literature
● Law ● Economics
ပညာရေး မဟာဌာန* သိပ္ပံဘာသာရပ် မဟာဌာန
● Mathematics ● Physics ● Chemistry ● Biological Science
● Geoscience
စိုက်ပျိုးရေး မဟာဌာန
● Bioresource Sciences ● Applied Life Sciences

ဟာမမစု တက္ကသိုလ်နယ်မြေ

အချက်အလက် စီမံဆောင်ရွက်မှု မဟာဌာန
● Computer Science ● Behavior Informatics ● Socio-Information Studies
အင်ဂျင်နီယာဘာသာရပ် မဟာဌာန
● Mechanical Engineering ● Electrical and Electronic Engineering
● Electronics and Materials Science
● Applied Chemistry and Biochemical Engineering
● Mathematical and Systems Engineering

အခမဲ့ ပညာသင်ကြားနိုင်မည့် ABP၏ ပညာသင်ဆု အကြောင်း

ABP သည် ကျောင်းသားအားလုံးအတွက် ငွေကြေးထောက်ပံ့ပေးပါသည်။ လျှောက်လွှာကြေးနှင့် စာရင်းသွင်းအပ်နှံကြေးများ ကင်းလွတ်ခွင့်အပြင် ပထမနှစ် ကျောင်းလခအပြည့်အဝကို ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း အာမခံထားပါသည်။ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်အတွက် ယခင်နှစ်အတွင်း တစ်ဦးချင်းအလိုက် ပညာရေးစွမ်းဆောင်ရည် ဆိုင်ရာ နှစ်စဉ် အကဲဖြတ်ချက်အပေါ် မူတည်၍ ကျောင်းလခ 50% သို့မဟုတ် 100% ကို ထောက်ပံ့ပေးမည်ဖြစ်ပါသည်။
ပထမနှစ် ကျောင်းသားအားလုံးအတွက် ABPလစဉ် ထောက်ပံ့ကြေးအပြင် အခြားအစိုးရနှင့် လုပ်ငန်းအဖွဲ့အစည်းများမှ ပံ့ပိုးပေးသည့် ငွေကြေးထောက်ပံ့မှု အခွင့်အရေးများကိုလည်း ရှိနိုင်ပါသည်။

လျှောက်လွှာကြေးစာရင်းသွင်းအပ်နှံကြေးကျောင်းလခ
ABP ငွေကြေးထောက်ပံ့မှုကင်းလွတ်ခွင့်ရသည်ကင်းလွတ်ခွင့်ရသည်ပထမနှစ် – (100%) ကင်းလွတ်ခွင့် ရသည်
ဒုတိယနှစ် မှ စတုတ္ထနှစ် အထိ –
(50% သို့မဟုတ် 100%)ကင်းလွတ်ခွင့်ရသည်
စုစုပေါင်း ငွေပမာဏဂျပန်ယန်း 17,000ဂျပန်ယန်း 282,000တစ်နှစ်လျှင် ဂျပန်ယန်း 535,800
*ဤဇယားသည် ၂၀၁၉ခုနှစ်အတွက် ကျောင်းလခနှင့် အခြားကျသင့်ငွေများကို ပြသထားခြင်းဖြစ်ပါသည်။ နှစ်စဉ် အပြောင်းအလဲရှိနိုင်ပါသည်။

လျှောက်ထားပုံ

ABP အတွက် လျှောက်ထားရာတွင် EJU (ဂျပန်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ) နှင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု စာမေးပွဲ (TOEFL၊ TOEIC သို့မဟုတ် IELTS) တို့ကိုဖြေဆိုရန်လိုအပ်သည့်အပြင် စိတ်ကြိုက်အနေဖြင့် JLPT (ဂျပန်ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲ)ကို ဖြေဆိုနိုင်ပါသည်။ စာမေးပွဲစစ်ဆေးခြင်းကို မိမိနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့တွင် လုပ်ဆောင်ပါမည်။ ဆိုလိုသည်မှာ လျှောက်ထားမှု လုပ်ဆောင်စဉ်အတွင်း မည်သည့်အချိန်တွင်မျှ ဂျပန်နိုင်ငံသို့ လာရောက်ရန်မလိုပါ။

ဝင်ခွင့်အတွက် ABP လျှောက်ထားမှု အချိန်စာရင်း

EJU ဘာသာရပ် စာမေးပွဲ သတ်မှတ်ချက်များ

နိုင်ငံခြား ဘာသာစကားအဖြစ် ဂျပန်ဘာသာ ဘာသာရပ် စစ်ဆေးမှုကို JLPT (ဂျပန်ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲ)နှင့် အစားထိုးနိုင်သည်။
** ပညာရေး မဟာဌာနနှင့် လူမှုရေးနှင့် သတင်းအချက်အလက် ဘာသာရပ်ဌာန (အချက်အလက် စီမံဆောင်ရွက်မှု မဟာဌာန) တို့သည် သင်္ချာသင်ရိုး 1 ကိုဖြစ်စေ 2 ကိုဖြစ်စေ လက်ခံသည်။
*** ဌာန(တက်‌‌ရောက်မည့်မေဂျာ‌)တစ်ခုစီသည် သိပ္ပံဘာသာရပ်သုံးခုအနက် နှစ်ခုကို ရွေးချယ်ရန်လိုသည်။ သိပ္ပံဘာသာရပ် သတ်မှတ်ချက်များအကြောင်း အသေးစိတ်သိရှိရန် ကျောင်း၏ ဝဘ်ဆိုက်ဖြစ်သော <http://www.abp.icsu.shizuoka.ac.jp/ > တွင် လျှောက်ထားမှု လမ်းညွှန်ချက်များကို ကြည့်ရှုစ်စစ်ဆေးနိုင်ပါသည်။ Asia Bridge Program နှင့် ပတ်သက်၍ Shizuoka University ABP ကို downloadလုပ်၍လည်း ‌လေ့လာနိုင်သလို အသေးစိတ်အချက်အလက်များအတွက် J Compass သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။