• ဗမာစာ
  • 日本語

Kyoto University of Advanced Science

KUAS တည်​နေရာ

Kyoto University of Advanced Science (KUAS) သည် ၁၉၆၉ခုနှစ် တွင် စတင်တည်ထောင်ခဲ့သော တရားဝင်အသိအမှတ်ပြု Private University တစ်ခုဖြစ်ပြီး Kyoto ခရိုင်၏ အနောက်ပိုင်းတွင်တည်ရှိသည်။

KUAS၏​ကျောင်းခွဲ ၂ခုမှာ Kyotoမြို့ Uzumasa နှင့် Kameoka မြို့တို့တွင် တည်ရှိသည်။ ဤကျောင်းခွဲတစ်ခုစီတိုင်းတွင် KUASကျောင်းသားများအား တက္ကသိုလ်ကျောင်းသားဘဝ အတွေ့အကြုံကို အပြည့်အဝရရှိစေမည်ဖြစ်သည်။

KUAS Engineeringအ​ကြောင်း

KUAS မှ Faculty of Engineering ကို၂၀၂၀ခုနှစ် ဧပြီလတွင် နိုင်ငံတကာမှ ထူးချွန်သော ဆရာဆရာမများနှင့် ကျွမ်းကျင်အင်ဂျင်နီယာများ အဖွဲ့တို့က ပူး​ပေါင်းဖွဲ့စည်းတည်ထောင်ခဲ့သည်။ KUASသည် ယခင်ကတည်ရှိခဲ့​သော Bioenvironmental sciences,Economics and Business Administration, Humanities, Health and Medicalsciences စသည့် ဌာနများနှင့် Engineering ဌာနအသစ်ကို ပေါင်းစည်းလိုက်ခြင်းဖြင့် မရှိမဖြစ်လိုအပ်သော ပညာရေးနှင့် စီးပွားရေးနယ်ပယ်များတွင် တက်ကြွစွာပူး​ပေါင်းပါဝင်ဆောင်ရွက်သူအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။

Faculty of Engineering ကို လျှောက်ထားခဲ့သည့် ကျောင်းသားများသည် အဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ ပညာရပ်များကို brand-new , နောက်ဆုံးပေါ် သင်ထောက်ကူပစ္စည်းများကို အသုံးပြုလျက်ရှိသည့် လက်တွေ့ သင်ကြားမှု program များကို လေ့လာသင်ယူလျက်ရှိသည်။

KUAS Faculty of Engineering တွင် ဂျပန်နိုင်ငံ၏ ပထမဆုံးသော program တစ်ခုရှိသည်။၎င်းမှာ နည်းစနစ်ကျပြီး ဘက်စုံသင်ယူနိုင်သော field 13ခုလုံး -(Mechanics, Materials, Energy, Design & Production, Robotics, Ionics, Control, Instrumentation, Devices, Communication, Actuators, Electromagnetics and Circuits) ကို အင်္ဂလိပ်စာဖြင့် သင်ကြားပေးလျက်ရှိ​သော programဖြစ်သည်။

၂၀၂၃ခုနှစ် ဧပြီလ အထိ Engineering ဘာသာရပ်တွင် တက်ရောက်ရန် စာရင်းသွင်းထားသော ကျောင်းသား ၄၀ရာခိုင်နှုန်းကျော်သည် နိုင်ငံပေါင်း ၄၀ကျော်မှ နိုင်ငံတကာကျောင်းသား များဖြစ်ကြသည်။ ကျောင်းအတွင်းရှိ နိုင်ငံသားမတူညီကွဲပြားမှုသည် KUAS ကျောင်းသားများအား ဂျပန်တွင် ပညာသင်ကြားနေစဉ်မှာပဲ အမျိုးမျိုးသော ယဉ်ကျေးမှုနှင့် တန်ဖိုးများအကြောင်း လေ့လာခွင့်ရနိုင်မည့် အခွင်အ​ရေးတစ်ခု ဖြစ်သည်။

KUASတွင် အင်ဂျင်နီယာဌာန မှ ကျောင်းသားများသည် ဘွဲ့မရမီကတည်းက ကုမ္မဏီများနှင့် ချိတ်ဆက်ကာ ဂျပန်နိုင်ငံတွင် ရရှိနိုင်သော careerအတွက် အခွင့်အလမ်းများကို ရှာဖွေလေ့လာနိုင်သည်။ KUASသည် ကျောင်းသားများအား ဘွဲ့ရပြီးနောက် အသက်မွေးဝမ်းကြောင်းအတွက် စိတ်လှုပ်ရှားဖွယ်ရာ လမ်းသစ်များ ပေါက်ရောက်နိုင်စေမည်ဖြစ်ကြောင်း အာမခံပါသည်။ ထိုကဲ့သို့ အာမခံနိုင်သည့် အချက်မှာ တက္ကသိုလ် အခြေစိုက်ရာ Kyotoသည် ကမ္ဘာ့ထိပ်တန်း အင်ဂျင်နီယာကုမ္မဏီများစွာ၏ အချက်အချာနေရာ ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ကျောင်းသားများသည် ဘွဲ့ရရှိပြီးသည်နှင့် ၎င်းတို့၏နယ်ပယ်တွင် အသိအမြင်ကျယ်သော နိုင်ငံတကာဆိုင်ရာ အင်ဂျင်နီယာများ ဖြစ်လာစေမည့် ကျယ်ပြန့်သော အသိပညာနှင့် ကျွမ်းကျင်စွာလက်တွေ့အသုံးချနိုင်မည့် အတက်ပညာများ ရရှိမည်ဟု မျှော်လင့်ပါသည်။

KUAS ၏မဏ္ဍိုင် လေးခု

1 ) All English

KUASသည် ဂျပန်နိုင်ငံတွင်တည်ရှိပြီး တရားဝင်အသိအမှတ်ပြု Engineering program များအားလုံးကို အင်္ဂလိပ်ဘာသာစကားဖြင့်သာ သင်ယူနိုင်သည်။

2 ) Intensive Japanese Language courses

KUASတွင် နိုင်ငံတကာမှကျောင်းသားများ၏ အနာဂတ် အသက်မွေးဝမ်းကြောင်းလမ်း များပြားကျယ်ပြန့်လာစေရန် ဂျပန်ဘာသာစကားကို အပိုကျောင်းစရိတ်ကုန်ကျ ပေးစရာမလိုပဲ သင်ကြားပေးသည်။

3 ) A Strong practical program

KUAS တွင် engineering courses၏ ဘက်စုံပညာရပ်များ၊ အသင်းအဖွဲ့ဖြင့် စာလေ့လာနိုင်မှု စသည်တို့အပြင် လက်တွေ့ကမ္ဘာတဝှမ်းတွင် အောင်မြင်စေရန် ကျောင်းသားများအတွက် ဆန်းသစ်စွာ ပြင်ဆင်ပေးထားသည့်  capstone project များဖြင့်လည်း သင်ယူလေ့လာနိုင်မည်။

4 ) Exceptional career opportunities

KUASသည် ၎င်းနယ်ပယ်မှ အတက်ပညာရှင်များ၊ ကျွမ်းကျင်သော အတိုင်ပင်ခံများကို အသုံးပြု၍ ဂျပန်နိုင်ငံတွင်သာမက အခြားပြည်ပနိုင်ငံများမှာပါ အသက်မွေးဝမ်းကြောင်းပြုလိုသော ကျောင်းသားများအတွက် အထူးသီးသန့် ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးသည်။

Mechanical and Electrical Systems Engineering [Undergraduate Program, Bachelor’s : 4 years]

KUAS ရဲ့ Faculty of engineering သည် ကျောင်းသားများအား ကျယ်ပြန့်သောအသိပညာနှင့် ထိတွေ့နိုင်စေရန်နှင့် ကျွမ်းကျင်၍ဟန်ချက်ညီသော အင်ဂျင်နီယာများအတွက် လိုအပ်သော နယ်ပယ်ခွဲအသီးသီးတွင် ကျွမ်းကျင်မှုရရှိစေရန်အတွက် အထူးပြုဘာသာရပ်များတွင် လိုက်လျောညီထွေမှုရှိပြီး မြင့်မားသောဘွဲ့ဒီဂရီကို ပေးဆောင်ပါသည်။ နယ်ပယ် 13 ခုလုံးကို စနစ်ကျသော၊ ဘက်စုံပညာအစီအစဉ်ဖြင့် ကျောင်းသားများသည် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်၊ လက်တွေ့ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်နှင့် ကမ္ဘာလုံးဆိုင်ရာရှုထောင့်ကို ရရှိနိုင်မည်ဖြစ်သည်။

သင်ရိုးညွှန်းတမ်းကို[Curriculum Map]အား downloadလုပ်၍ ​လေ့လာနိုင်သည်။

တက္ကသိုလ်လျှောက်ထားခြင်းအတွက် အသေးစိတ်အချက်အလက်

က) တက္ကသိုလ် လျှောက်ထားမည့်အခါ လိုအပ်သည့် အရည်အချင်းများ

၁) ပညာအရည်အချင်း လိုအပ်ချက်များ

လျှောက်ထားသူသည် ၁၂နှစ် ပညာသင်နှစ် ကိုပြီးမြောက်ထားရမည် (သို့မဟုတ်) ဂျပန်နိုင်ငံ၏ Senior high school ၊ International Baccalaureate ၊ Diploma ၊ Abitur ၊ Baccalaureate Diploma ၊ GCE A levelတို့နှင့် ညီသော ပညာအရည်အချင်းရှိရမည်။ မြန်မာကျောင်းသားများအနေနဲ့ကတော့ ၁၀တန်းစာမေးပွဲကို အောင်မြင်ထားမည်ဆိုပါက အဆင်ပြေပါသည်။

၂) လျှောက်ထားသူသည် အထက်တန်းကျောင်း/အဆင့်မြင့် အလယ်တန်းကျောင်း အဆင့်နှင့် ညီမျှသော အောက်ဖော်ပြပါ သင်္ချာနှင့် ရူပဗေဒဆိုင်ရာ နယ်ပယ်အများစုကို ကျယ်ကျယ်ပြန့်ပြန့်နားလည် သဘောပေါက်ရပါမည်။

MathematicsAlgebra, Geometry, Pre-calculus, Statistics
PhysicsForce and Motion, Waves, Electricity and Magnetism, Atoms

ခ) အင်္ဂလိပ်စာ အရည်အချင်းအတွက် လိုအပ်ချက်များ

လျှောက်ထားသူသည် အောက်ဖော်ပြပါ ဇယား၏ အနိမ့်ဆုံးအမှတ်အဆင့်များနှင့် ပြည့်မှီရမည်။ KUAS ၏ အင်ဂျင်နီယာဌာနမှာ အင်္ဂလိပ်စာကိုသာ အသုံးပြု၍ သင်ကြားသည်။ အင်္ဂလိပ်စာကို ဒုတိယဘာသာစကား အဖြစ် သတ်မှတ်သင်ကြားနေခြင်းမဟုတ်ပါ။ ထို့ကြောင့် လျှောက်ထားသူ အားလုံးသည် ကျောင်းမလျှောက်ထား မှီ အင်္ဂလိပ်စာ ပညာရပ်ပတ်ဝန်းကျင်၌ ကျင်လည်ရှင်သန်နိုင်ကြောင်း သက်သေပြနိုင်ရမည်ဖြစ်သည်။

TestTOEFLIELTSPTEDuolingo English Test
Minimum ScoreInternet-based(iBT): 75Academic overall band score: 5.5Academic: 50105

KUASသည် TOEFL iBT Home Editionနှင့် IELTS Indicator များကိုလည်း လက်ခံသည်။

ဂ) ကျောင်းလခ

Course Fees1st year2nd year3rd year4th year
Bachelor’s Program 1,649,500 JPY
(12,688 USD)
1,476,500 JPY
(11,358 USD)
1,476,500 JPY
(11,358 USD)
1,501,500 JPY
(11,550 USD)


အသေးစိတ် အချက်အလက်များအတွက် Application Guidelines နှင့် Engineering Admission Outline 2024 (Undergraduate) တို့ကို download လုပ်၍ ​လေ့လာနိုင်ပါသည်။